၁၃၁၉-၁၃၂၀

258 24 0
                                    

စာစဥ် ၆၈ : အပိုင်း ၉

အပိုင်း ၁၃၁၉ : မူလသို့ ပြန်သွားခြင်း

လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသည် သူ၏ဘေးမှ လျှိုကြီးအား လက်ညှိုးထိုး၍ ပြောလိုက်သည်။ "သူက ကျုပ်လက်အောက်ကလူ ဖြစ်ပြီး သူ့ကို လျှိုကြီးလို့ ခေါ်နိုင်တယ်… ဒီကျောက်တုံး တုတ်ရှည်က ခင်ဗျားနဲ့ ဆက်စပ်နေသလို သူနဲ့လည်း ဆက်သွယ်မှုတွေ ရှိနေတယ်… ခင်ဗျားတို့ နှစ်ယောက်ဟာ ဒီကျောက်တုံး တုတ်ရှည်ကို အခြေခံပြီးမှ အတူတကွ ပူးပေါင်းပြီး ရှာဖွေ ထုတ်ဖော်သင့်တယ်"

နင်းဝမ်ကောသည် မည်သည့် ထင်မြင်ချက်မှ မရှိပဲ သူမ၏ခေါင်းကို ညိတ်လိုက်သည်။ "ကောင်းပြီလေ"

သူမသည် သီးခြားနေတတ်သူ ဖြစ်၍ အခြားသူများနှင့် ဆက်ဆံလေ့ သိပ်မရှိချေ။ သို့သော်လည်း သူမသည် အခြားသူများကို တမင်သက်သက် ရှောင်ဖယ်တတ်သူလည်း မဟုတ်ပေ။

ထိုကျောက်တုံး တုတ်ရှည်သည် သူမ၏ ရင်ကို ပြင်းထန်စွာဖြင့် တုန်ခါစေ၍ သူ၏ စိတ်အတွင်းတွင် အရာများစွာ ပေါ်လာသကဲ့သို့ ခံစားနေရသည်။ သို့သော်လည်း ထိုပုံရိပ်နှင့် အတွေးများသည် ဝေဝါးနေသေးပြီး နားလည်ရန် ခက်ခဲလှပေသည်။

ထိုကျောက်တုံး တုတ်ရှည်သည် သူမ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များနှင့် ဆက်စပ်နေမည်ဟု သူမက သေချာနေသည်။ နင်းဝမ်ကောသည် ပူပင်ကြောင့်ကြမဲ့စွာ နေတတ်သူဖြစ်၍ ဤအရာသည် သူမ လက်မလွှတ်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

လျှိုကြီးသည် လင်းဖုန်းဘက်သို့ လှည့်လိုက်ရာ လင်းဖုန်းက ပြောလိုက်သည်။ "မင်းက ဒီလက်စွပ်ကို မင်းနဲ့အတူတူ ယူထားပြီး နင်းဝမ်ကောနဲ့ အတူ ဟင်းလင်းပြင် စစ်တလင်း အတွင်းကို လိုက်သွားပါ... မင်းက အခုအချိန်မှာ ရုပ်ကိုယ်ခန္ဓာ အသစ် ရသွားပြီဆိုတော့ လွတ်လွတ်လပ်လပ် ခရီးသွားလို့ ရပြီ"

"ဟုတ်ကဲ့ပါ… မာစတာလင်း" လျှိုကြီးသည် လင်းဖုန်းအား ရိုသေစွာ ဦးညွှတ်လိုက်၍ နင်းဝမ်ကောကလည်း သူ့ကို နှုတ်ဆက်လိုက်ကာ သူတို့နှစ်ယောက်စလုံး ယင်ကျိုးနတ်တောင်မှ နေ၍ ယင်ပင်လယ် အပြင်သို့ ထွက်ခွာခဲ့ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ