အပိုင်း ၁၁၃၃ - ၁၁၃၄

360 26 0
                                    

စာစဥ် ၅၉ : အပိုင်း ၃

အပိုင်း ၁၁၃၃ : ဘယ်သူက ဒီနေရာကို အရင်လာခဲ့တာလဲ

ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းသည် တစ်ယောက်၏ ယုံကြည်ချက်ကို ယိမ်းယိုင်အောင် လုပ်ချင်မှ လုပ်နိုင်ပေမည်။ သို့သော်လည်း တစ်ယောက်သည် မျှော်လင့်ချက် တစ်စမျှ မမြင်ရပဲ တိုးတက်မှု အရိပ်အယောင် တစ်ခုမှ မတွေ့ရ၍ ကပ်ဆိုး ကပ်ဘေးများနှင့်သာ ဆက်တိုက် ကြုံတွေ့နေရပါက တစ်ယောက်၏ ယုံကြည်ချက်သည် ဖြည်းဖြည်းချင်း မှေးမှိန်လာနိုင်သည်။

သန်မာသော စိတ်စွမ်းအားများ ရှိသောသူများသည် ထိုကပ်ဘေးများကို ကြံ့ကြံ့ခံကာ ကျင့်ကြံမှု ပုံစံတစ်မျိုးအဖြစ် သဘောထားနိုင်ပေသည်။

သို့သော်လည်း အရှေ့မှ လမ်းကြောင်းသည် ဆူးချွန်များဖြင့် ပြည့်နေ၍ အန္တရာယ်များရုံတင် မကပဲ လုံးဝကို ကျိုးပျက်လုနီးပါး ဖြစ်နေသော အချိန်တွင် သန်မာသော စိတ်ဆန္ဒရှိသည့် လူများကပင် မျှော်လင့်ချက်များ ဖြည်းဖြည်းချင်း ဆုံးရှုံးလာကြမည် ဖြစ်သည်။

ပုံမှန်တွင် ဗုဒ္ဓကျင့်ကြံသူများသည် စိတ်ဓာတ် ကြံ့ခိုင်သူများ ဖြစ်ကြ၏။ သူတို့သည် လူသား သဘာဝကို ထွင်းဖောက်မြင်နိုင်ရုံသာ မကပဲ သူတို့၏ သဘောထား အစစ်အမှန်များကိုပင် ခွဲခြားနိုင်ကြသည်။ ထို့ကြောင့် သူတို့၏ ယုံကြည်မှုကို အလွယ်တကူဖြင့် လှုပ်ခါ၍ မရချေ။

သို့တိုင်အောင် ထိုသူများ၏ အတွေးများ အတွင်း၌ ဤအချိန်တွင် ဖယ်ရှား၍ ခက်ခဲသော သံသယများသည် စတင်၍ ပေါ်လာကြသည်။ အကယ်၍ သူတို့သည် လမ်းမှန်မှ သွေဖယ်သွားပါက အစွန်းရောက်များ အဖြစ် ပြောင်းလဲသွားနိုင်ကြသည်။

ဗုဒ္ဓကျင့်ကြံသူများစွာ အတွက် သူတို့သည် ယခင်က တစ်ခါမှ မကြုံဖူးသော စိတ်ရှုပ်ထွေးမှုနှင့် သံသယများကို ရင်ဆိုင်နေရသည်။

ခွန်းလွန်တောင်ပေါ်၌ ပါရမီ ဇန်မာစတာသည် သူ၏ လက်အုပ်ကို ချီထား၍ လေးနက်သော အမူအရာဖြင့် ဗုဒ္ဓကျမ်းစာများကို စတင်၍ ရွတ်ဖတ်နေသည်။

သူသည် မဟာမိုးကြိုး ကျောင်းတော်ထံသို့ ဝမ်းနည်းနေသော အမူအရာဖြင့် ကြည့်နေခဲ့သည်။ သို့သော်လည်း သူ၏ စိတ်အခြေအနေမှာ တည်ငြိမ်နေဆဲ ဖြစ်၏။ သူ၏ စိတ်အတွင်းတွင် သူဝင်ရောက်နိုင်သည့် လုံခြုံသော နယ်မြေတစ်ခု ရှိနိုင်သည်။ ထိုနေရာတွင် သူသည် နိဗ္ဗာန်ကို ရနိုင်ကာ မည်သည့် ဒုက္ခမျိုးမှ မဝင်ရောက်နိုင်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now