၁၃၂၁-၁၃၂၂

217 20 0
                                    

စာစဥ် ၆၈ : အပိုင်း ၁၁

အပိုင်း ၁၃၂၁ : မတော်တဆ ဖြစ်သွားခဲ့သော ဆောင်ရွက်သူ

ယခုအချိန်တွင် လျှိုကြီးတွင် ငြိမ်းချမ်းသော အမူအရာများ ရှိနေသည်။ သို့သော်လည်း သူ၏ တောက်ပ၍ မတည်မငြိမ် ဖြစ်နေသော မျက်လုံးများသည် သူ၏ ခံစားချက် အစစ်အမှန်များကို သစ္စာဖောက်နေခဲ့သည်။ သူ၏ ရင်အတွင်းတွင် ခံစားချက်များ လှိုင်းထန်နေခဲ့သည်။

နင်းဝမ်ကောသည် လျှိုကြီးအားကြည့်၍ အံ့အားသင့်နေခဲ့သည်။ လျှိုကြီး အစောပိုင်းမှ ပြောခဲ့သော အရာများကို ပြန်လည် စဥ်းစားနေရင်း သူမ၏ ခေါင်းအတွင်းတွင် မေးခွန်းများစွာ ပေါ်လာခဲ့သည်။

"တာအိုရောင်းရင်း လျှိုကြီး… မင်း…" နင်းဝမ်ကောက လည်ပင်း နင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

လျှိုကြီးသည် သူမဘက်သို့ လှည့်ကြည့်လိုက်၍ ထူးခြား ဆန်းကြယ်စွာဖြင့် ပြုံးလိုက်သည်။ "ကျွန်တော့်အတွက် ဒါနေရာက အရာအားလုံး စတင်ခဲ့တဲ့ နေရာဖြစ်တယ်… ဒီနေရာကို လာခဲ့ရခြင်းအားဖြင့် ကျွန်တော့်ရဲ့ လူဝင်စား ဘဝများစွာ ဖြတ်သန်းခဲ့အပြီးမှာ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ပြန်လည် ရရှိနိုင်ခဲ့ပြီ"

နင်းဝမ်ကောသည် လျှိုကြီးအား ကြည့်နေပြီး လျှိုကြီးက သူတို့ရပ်နေသော အလယ်ကမ္ဘာ ပတ်ပတ်လည်ကို ကြည့်နေခဲ့သည်။

"ကျွန်တော့်ကို ဒီနေရာမှာ မွေးဖွားခဲ့ အပြီးမှာ ကျွန်တော့်အမေဖြစ်တဲ့ ဟေးဒီးစ်ဧကရီက ကွယ်လွန်သွားခဲ့တယ်… သူမက ဘယ်လိုပုံမျိုး ရှိတယ်ဆိုတာကို ကျွန်တော်က တစ်ခါမှ မမြင်လိုက်ရဘူး… ကံကောင်းစွာနဲ့ အဖေက ကျွန်တော့်ရဲ့ အသိစိတ် အတွင်းမှာ ပုံရိပ်အချို့ကို ထိန်းသိမ်းထားပေးတဲ့ အတွက် ကျွန်တော်က သူမကို မြင်ဖူးနိုင်ခဲ့တယ်"

သူ၏ ညာဘက်မျက်လုံးမှ အလင်းတန်း တစ်တန်း ထွက်လာပြီး ဟင်းလင်းပြင် အတွင်းတွင် ပုံရိပ်တစ်ခုကို ဖော်ပြခဲ့သည်။

ထိုအရာသည် ဝေဝါး၍ မကြည်လင်သော ပုံရိပ်တစ်ခု ဖြစ်သည်။ တစ်ယောက်သည် ပုံစံကို မြင်နိုင်သော်လည်း ထိုသူ၏ မျက်နှာ အသွင်အပြင်ကို တွေ့နိုင်မည် မဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora