၁၃၂၃-၁၃၂၄

236 22 0
                                    

စာစဥ် ၆၈ : အပိုင်း ၁၃

အပိုင်း ၁၃၂၃ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဟေးဒီးစ်တို့ ပေါင်းစည်းခြင်း

လျှိုကြီးသည် မုယုအရှေ့တွင် ဦးတစ်ချက် ညွှတ်လိုက်၍ ပြောလိုက်သည်။ "အကြီးအကဲမု"

မုယုသည် သူ့အား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်နေပြီး ခဏအကြာတွင် သက်ပြင်း ဖွဖွလေး ချလိုက်ကာ ပြောလိုက်သည်။ "လျှို… လျှိုယောင်… မင်းက ဘာဖြစ်သွားတာလဲ"

လျှိုကြီးက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်က အမှန်ပဲ ဟေးဒီးစ်သားရဲ တစ်ကောင် ဖြစ်တယ်… ကျွန်တော့်နာမည်ကို လျှိုကြီးဟေးဒီးစ်လို့ ခေါ်တယ်… ဒါပေမဲ့ အကြီးအကဲက ဆန္ဒရှိရင် ကျွန်တော့်ကို လျှိုယောင်လို့ပဲ ခေါ်နိုင်ပါတယ်… ကျွန်တော်က လျှိုကြီးဟေးဒီးစ် ဖြစ်သလို လျှိုယောင်လည်း ဖြစ်တယ်"

သူက နူးညံ့စွာပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်က ဒီနှစ်တွေ အတွင်းမှာ အခုအချိန်အထိ တစ်ယောက်တည်း ကျင့်ကြံနေခဲ့တယ်… ကမ္ဘာနှစ်ခု အကြားက စစ်ပွဲအတွင်းမှာ ကျွန်တော့်ရဲ့ မျိုးနွယ်စုဟာ မဟာကမ္ဘာကို ပြန်လာခဲ့ပေမဲ့ ကျွန်တော်က လက်ရှိအချိန်မှာ သူတို့နဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး"

မုယုနှင့် ကျန်သောသူများသည် အမူအရာများ ပြောင်းသွားကြကာ မုယုက မေးလိုက်သည်။ "မင်းက အမှန်အတိုင်း ပြောနေတာလား… မင်းက ဟေးဒီးစ် မျိုးနွယ်စုနဲ့ တကယ်ပဲ ပြန်လည် မပေါင်းစည်းဘူးလား"

ထိုအုပ်စု၏ သံသယ အကြည့်များကို တွေ့ခဲ့ရသော အခါ လျှိုကြီးက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်တယ်… ကျွန်တော်က လူသားတွေကို ရန်သူအနေနဲ့ သတ်မှတ်ဖို့ ရည်ရွယ်ချက် မရှိဘူး… အခု တွေ့ခဲ့ရတဲ့ အတိုင်း ကျွန်တော်ဟာ အခုအချိန်မှာ ကျွန်တော့်ရဲ့ မိစ္ဆာစွမ်းအားတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီ… ဟိုနှစ်တွေကလိုမျိုး ထိန်းချုပ်မှု မကင်းလွတ်သွားတော့ဘူး"

ဟီကွမ်းပင်သည် သူ၏ မှော်စွမ်းအင်ဖြင့် ဟွမ်းမင်နှင့် မုယုတို့အား အသံလွှင့်၍ ပြောလိုက်သည်။ "ဆရာလော်ဖူးက ဟင်းလင်းပြင် ဘုရားကျောင်းကနေ တဆင့် ငါတို့အရှေ့က ဟေးဒီးစ်သားရဲဟာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ တစ်စုံတစ်ရာ ပတ်သတ်နေတယ်လို့ သိခဲ့ရတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now