၁၃၉၅-၁၃၉၆

196 15 0
                                    

အပိုင်း ၁၃၉၅ : မိစ္ဆာများက ငရဲမီး ဧကရာဇ် မြို့တော်အား တိုက်ခိုက်ခြင်း

လုံရှန်ခေါ့သည် မိစ္ဆာ အငွေ့အသက်များဖြင့် ပြည့်နေသော အဝေးမှ ကောင်းကင်အား ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ "သူတို့က ရောက်လာပြီ"

ထိုမိစ္ဆာ အရှိန်အဝါသည် ရိုင်းစိုင်း၍ ခက်ထန်လှသည်။ တွမ့်မုဟုန်ကလည်း သူ့အား အာရုံခံနိုင်ခဲ့ကာ သူ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး တုန်လှုပ်သည့် အရိပ်အယောင် တစ်ခု ပေါ်လာသည်။ "ဒီမိစ္ဆာ စွမ်းအားတွေက… ရှေးဟောင်းလူဝံ မိစ္ဆာတွေကနေ လာတာနဲ့ တူနေတယ်"

လုံရှန်ခေါ့သည် သူ၏ လက်အား သူ့နဖူးပေါ်တွင် တင်၍ ပြောလိုက်သည်။ "ဟုတ်တယ်… ဒါက ရှေးဟောင်းလူဝံ မိစ္ဆာတွေကနေ လာခဲ့တာပဲ… ဒါပေမဲ့ ပြိုင်ဘက်က သွေးတိုးစမ်းနေခြင်းသာ ဖြစ်တယ်"

အကယ်၍ သူတို့သည် အလစ်ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက ဤကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ယခုအချိန်တွင် သူတို့၏ မိစ္ဆာစွမ်းအားများကို ဖော်ပြနေသဖြင့် သူတို့သည် ရန်စနေသည့်ပုံ ပေါက်နေသည်။

တွမ့်မုဟုန်က သက်ပြင်းချ၍ ပြောလိုက်သည်။ "ရှေးဟောင်းလူဝံ မိစ္ဆာတွေက ကျွန်တော်တို့ကို လွယ်လွယ်နဲ့ စိန်ခေါ်မှာ မဟုတ်ဘူး… တကယ်လို့ သူတို့က သွေးတိုးစမ်းချင်နေရင်တောင် နတ်ဘုရား နယ်မြေ အတွင်းက တခြားဂိုဏ်းတွေကို သွားလုပ်သင့်တယ်… ဂိုဏ်းချုပ်ရဲ့ သုံးသပ်ချက် အရ တကယ်လို့ ရှေးဟောင်းလူဝံ မိစ္ဆာ တွေက တိုက်ခိုက်မှုကို ဦးဆောင်လာရင် မိစ္ဆာတွေက ယာယီ မဟာမိတ် ဖွဲ့ပြီးမှ လာခဲ့ကြတာပဲ"

"အစွမ်းထက်တဲ့ နဂါးတွေ… အထူးသဖြင့် မူလနဂါး ဘုရင်က ဝိညာဥ်ပင်လယ် အတွင်းကို မဝင်သေးပဲ နတ်ဘုရား နယ်မြေ အတွင်းမှာ ပြဿနာ အရင်လာရှာမယ်နဲ့ တူတယ်"

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် နတ်ဘုရား နယ်မြေ တို့က ဝိညာဥ်ပင်လယ် အတွင်းသို့ ဝင်သွားအပြီးတွင် မဟာကမ္ဘာ အတွင်းတွင် နဂါးများကို ထိန်းချုပ်နိုင်သော ကျင့်ကြံသူ အချို့သာ ကျန်တော့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now