၁၃၅၉-၁၃၆၀

211 20 0
                                    

စာစဥ် ၇၀ : အပိုင်း ၉

အပိုင်း ၁၃၅၉ : ဆယ်နှစ်ကြာပြီးနောက်

ဤအရာသည် သူမအနေဖြင့် ရှောင်ပြေးနိုင်သော အရာတစ်ခု မဟုတ်ပေ။ သူမသည် သူ့အား အနိုင်မယူနိုင်သလို မောင်းထုတ်၍လည်း မရချေ။ အပျင်းထူသော ဤကောင်ကြီးသည် သူမ၏ အစာများကို အမြဲတမ်း ခိုးယူနေခဲ့သဖြင့် ထွမ်းထွမ်းသည် သေချင်စိတ်ပင် ပေါက်သွားခဲ့သည်။ အနာဂတ်မှ သူမ၏ ဘဝသည် ငြီးငွေ့ ခြောက်ကပ်၍သာ နေတော့သည်။

သူမသည် ရှီထျန်းဟောင်နှင့် ဉာဏ်နီဉာဏ်နက်နှင့် အရှက်ကင်းမဲ့မှု ပြိုင်ပွဲအား ဆင်နွဲခဲ့သော်လည်း တစ်ခါမှ ဤမျှအထိ ကူရာမဲ့စွာ မခံစားရဖူးပေ။ အနည်းဆုံးတော့ ရှီထျန်းဟောင်သည် သူမအား နေ့နေ့ညည စောင့်ကြည့်နေခြင်း မရှိပေ။ ထို့အစား သူမကသာ ရှီထျန်းဟောင်အား တစ်ချိန်လုံး စောင့်ကြည့်နေ၍ သူ၏ အစာများကို ခိုးယူရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။

ရှီထျန်းဟောင်နှင့် ကျဲယုတို့သည် မြေရိုင်းလျှိုမြောင်၏ ပြင်ပမှနေ၍ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေကြကာ ဇူရီနှင့် ပိုင်ကွမ်းတို့သည် သူတို့၏ ခေါင်းများကို ဆက်တိုက် ခါယမ်းလိုက်ကြသည်။

ရှီထျန်းဟောင်သည် တစ်ဟားဟားနှင့် ရယ်မောနေရင်း မြေရိုင်းလျှိုမြောင်သို့ ပြန်သွားပြီး ထွမ်းထွမ်းအား ရိုးရိုးထံမှ ကယ်တင်ခဲ့ပြီး မဟူရာကောင်းကင် ရတနာသစ်ပင်ထံသို့ ပြန်လာခဲ့သည်။

ထွမ်းထွမ်းသည် ဝမ်းသာအားရ ဖြစ်လွန်း၍ မျက်ရည်များပင် ကျလာခဲ့သည်။ သူမသည် ရှီထျန်းဟောင်အား အားရပါးရ ဖက်၍ အော်ပြောလိုက်သည်။ "ငါက နင်ဖွက်ထားတဲ့ အစာတွေကို ဘယ်တော့မှ မခိုးစားတော့ဘူး… အာ… နေဦး… ငါဆိုလိုတာက ငါက တစ်ဝက်ပဲ ခိုးစားပြီး ဒီထက် ပိုမစားတော့ဘူး"

ရှီထျန်းဟောင်သည် သူမအား မျက်စောင်းထိုး၍ ကြည့်ကာ ပြောလိုက်သည်။ "ဘာပဲပြောပြော ကျားသစ်ဟာ သူ့ရဲ့ အစက်အပြောက်တွေကို ဘယ်တော့မှ မပြောင်းနိုင်ဘူး"

ရှီထျန်းဟောင်သည် မြေရိုင်းလျှိုမြောင် အတွင်းတွင် နောက်ထပ် အစားပုတ်တစ်ယောက် တိုးလာသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည်။ ဤမတိုင်ခင်တွင် သူ၏ ရတနာများကို တောက်တီမလေးထံမှ ကာကွယ်ထားရပြီး အခုအချိန်တွင် နောက်ထပ် ဧရာမ ပန်ဒါတစ်ကောင်ကိုပါ စောင့်ကြည့်ရတော့မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Onde histórias criam vida. Descubra agora