စာစဥ် ၆၃ : အပိုင်း ၃
အပိုင်း ၁၂၁၃ : သူတော်စင် ကောင်းကင်ဓား ပြန်လည် မွေးဖွားလာခြင်း
သူ၏ စွမ်းအား အများစုကို သူတော်စင် ကောင်းကင် ကမ္ဘာဦးဓား ဝင်္ကပါအား ထောက်ပံ့နေရသော်လည်း ချန်းမင် ဓားမာစတာ၏ ရုပ်ခန္ဓာကိုယ်သည် ဤနေရာသို့ ရောက်လာ၍ အားလုံးကို ချိုးဖောက်နိုင်သည့် တောက်ပလှသော သူတော်စင် ကောင်းကင်ဓားချီသည် လော်ချင်းဝူနှင့် ကျူးကော်ကျန်းတို့အား ကြီးမားသည့် ဖိအားများကို ပေးနိုင်ခဲ့သည်။
ထိုဓားချီသည် ဓားဝင်္ကပါ အတွင်းတွင် လှည့်လည်သွားနေသော သူတော်စင် ကောင်းကင်ဓားချီနှင့် မတူပေ။ သူတို့သည် ဗီပရာလိုပါ အဆင့်သို့ တက်လှမ်းနိုင်ရန် ကပ်ဘေးများ ပြီးမြောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အလယ်ခေတ်ကတည်းက တည်ရှိနေသော စူတောင်မှ နာယက အကြီးအကဲ မဟာ ဓားကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ချန်းမင် ဓားမာစတာသည် လော်ချင်းဝူနှင့် ကျူးကော်ကျန်းတို့အား စိုက်ကြည့်နေရင်း သူ၏ညာလက်ကို ဝှေ့ယမ်းနေကာ ဓားချီများကို တစ်တန်းပြီး တစ်တန်း ထုတ်လွှတ်နေသည်။
အဖြူရောင် သူတော်စင် ကောင်းကင်ဓားချီများသည် မိုးစက်များအလား အရာအားလုံးကို ထိုးဖောက်သွားနိုင်မည်ဟု ထင်နေရသည်။ ဓားချက် တစ်ချက်ဖြင့်ပင် လေဟာနယ် တစ်ခုလုံးကို ပိတ်ဆို့ထားနိုင်ခဲ့ပြီး သူတို့အား မည်သည့်နေရာမှ ပြေး၍မရအောင် ချောင်ပိတ်ထားနိုင်ခဲ့သည်။ သူတို့သည် သူတော်စင် ကောင်းကင်ဓားချီကို ထိပ်တိုက် ရင်ဆိုင်ရန်သာ တတ်နိုင်ခဲ့သည်။
လော်ချင်းဝူ၏ နည်းစနစ်နှင့် စွမ်းရည်များသည် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်မှ ကျင့်ကဲ့သူများထက် များစွာပိုသာပြီး ကျူးကော်ကျန်းကလည်း အစွမ်းထက်သော အင်မော်တယ်ဝိညာဥ် တတိယ အဆင့်မှ ထိပ်သီး ကျင့်ကြံသူ တစ်ယောက်ဖြစ်ကာ သူ၏ တိုက်ပွဲစွမ်းရည်များသည် အထင်ကြီးဖွယ်ရာ ကောင်းလှသည်။
သူတို့သည် အတူတကွ ပူးပေါင်းလိုက်ကြ၍ သူတော်စင် ကောင်းကင်ဓားချီ အတန်းများကို ဖယ်ရှားရန် ကြိုးစားနေကြသော်လည်း ချန်းမင် ဓားမာစတာ၏ တိုက်ခိုက်မှုများသည် အဆုံးမရှိဟု ထင်နေရပြီး မရပ်တန့်နိုင်သော ခွန်အားဖြင့် ထိုးတက်လာကြသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...