စာစဥ် ၆၅ : အပိုင်း ၁၁
အပိုင်း ၁၂၆၁ : ခွန်းလွန်တောင်တွင် စုစည်းခြင်း
လျှမ်ပန်းသည် တိုင်ဧကရာဇ်၏ တော်ဝင်နန်းတော် အတွင်းတွင် ရှိနေသည်။ သူ၏ လက်ဝါးကို ဖွင့်လိုက်သော အခါ အဆောင်လက်ဖွဲ့ တစ်ခုကို တွေ့လိုက်ရသည်။ ထိုအဆောင်လက်ဖွဲ့သည် အလင်းတန်း တစ်ခုဖြင့် အဆက်မပြတ် လင်းလက်နေလေ၏။
သူ့ဘေးတွင် ရပ်နေသော ယန်လျှန်မင်းသား လျှမ်ဖူသည် ထိုအဆောင်လက်ဖွဲ့အား ကြည့်လိုက်ပြီးသော အခါ သူ၏ မျက်နှာအပေါ်တွင် ရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်လာသည်။ "အရှင်မင်းမြတ်… ဒီအဆောင်လက်ဖွဲ့က… ကြည့်ရတာ ဖန်ကျန်းနတ်တောင်နဲ့ ယင်ပင်လယ်တို့နဲ့ ဆက်စပ်နေတဲ့ပုံ ပေါက်နေတယ်"
လျှမ်ပန်းက ငြိမ်သက်စွာဖြင့် ပြောလိုက်၏။ "မင်းပြောတာ မှန်တယ်… ငါတို့က ဖန်ကျန်းနတ်တောင်ကို ဆုံးရှုူံးသွားခဲ့ပေမဲ့ သူ့ကို နှစ်ပေါင်းများစွာ ထိန်းချုပ်နိုင်ခဲ့တဲ့ အချိန် အတောအတွင်းမှာ အကျိုးအမြတ် အချို့ကို ရရှိနိုင်ခဲ့တယ်"
"ဒီအဆောင်လက်ဖွဲ့နဲ့ ငါတို့က ဖန်ကျန်းနတ်တောင်ကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိနေတယ်" လျှမ်ပန်းက တိုးညင်းစွာဖြင့် ပြောလိုက်သည်။
"လင်းဖုန်းရဲ့ဓားက ယင်ပင်လယ်ကို တုန်ခါနိုင်စွမ်း ရှိတယ်… သူက ယင်ပင်လယ်က နတ်တောင်သုံးတောင်ကို ပြန်ပေါ်လာအောင် မလုပ်နိုင်ပေမဲ့ ဒီအဆောင်လက်ဖွဲ့က တုံ့ပြန်မှုတွေ ရရှိခဲ့တယ်… ငါတို့က ဖန်ကျန်းနတ်တောင်ကို ပြန်ပြီးမှ ထိန်းချုပ်နိုင်ဖို့ လမ်းတစ်လမ်း တွေ့ခဲ့ပြီ"
"ဖန်ကျန်းနတ်တောင်နဲ့ ဆိုရင် ငါတို့က သူ့အတွင်းမှ ပုန်းအောင်းနေလို့ရတယ်… ယင်ပင်လယ် တစ်ခုလုံး ပျက်စီးမသွားသေးရင် လင်းဖုန်းက ယင်ကျိုးနတ်တောင်ကို ထိန်းချုပ်ထားနိုင်ပေမဲ့ ငါတို့ကို ရှာနိုင်မှာ မဟုတ်ဘူး"
လျှမ်ဖူသည် လျှမ်ပန်း၏ စကားများကို ကြားလိုက်ရသော အခါ သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ကျွန်တော်မျိုး နားလည်ပါပြီ"
ယနေ့တိုင်အောင် မဟာကျိုး အင်ပါယာမှ မှူးမတ်များ၏ အကြီးမားဆုံး နောင်တမှာ လင်းဖုန်းက ပန်းလိုင်နတ်တောင်ကို အသုံးပြု၍ ဖန်ကျန်းနတ်တောင်ကို ဆုံးရှုံးအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...