စာစဥ် ၇၄ : အပိုင်း ၁၁
အပိုင်း ၁၄၄၁ : ထွက်သွား၊ ထွက်သွား
အားလုံးတို့၏ အရှေ့တွင် သူတို့သည် မူလကောင်းကင် ပင်လယ် ခုနစ်သွယ်၏ အစွမ်းအထက်ဆုံး ပင်လယ် နှစ်ခုဖြစ်သော သေမင်းပင်လယ်နှင့် ဝိညာဥ်ပင်လယ်တို့သည် စတင်၍ ပေါင်းစည်းလာကြသည်ကို တွေ့လိုက်ရသည်။
လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေကြသော ဤစွမ်းအား နှစ်မျိုးတို့ကို အဖြူနှင့် အနက်ရောင် အလင်းတန်း တိုင်လုံး တစ်ခုက ဆက်သွယ်ပေးနေခဲ့သည်ကို သူတို့က တွေ့နိုင်ခဲ့သည်။
သူတို့သည် သေမင်းပင်လယ် အတွင်း၌ ငြိမ်သက်ကာ နက်ရှိုင်းလှသော အက်ကွဲကြောင်း တစ်ခုကို တွေ့နေရသည်။ သူပိုင်ဆိုင်ထားသော ဖျက်ဆီးနိုင်မှု စွမ်းအားများသည် မည်မျှ ကြီးမားလှကြောင်းကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။
ငရဲကမ္ဘာ ပင်လယ် အတွင်းမှ ကပ်ဆိုး များစွာတို့သည် ရက်စက် ကြမ်းကြုတ်ကာ ထူးခြားလှသည်။ သို့သော်လည်း သူတို့၏ ဖျက်ဆီးနိုင်စွမ်းများသည် မည်မျှပင် ပြင်းထန်သောလည်း ယာယီမျှသာ ဖြစ်သည်။
သို့သော်လည်း သေမင်းပင်လယ် အတွင်းမှ အနက်ရောင် ရေများသည် သူနှင့် ထိတွေ့ခဲ့သည့် အရာအားလုံးတို့ကို ဖျောက်ဖျက်နိုင်စွမ်း ရှိသည်။
အချိန်ကာလနှင့် လေဟာနယ် စွမ်းအားများသည် အရာအားလုံးကို အဆုံးသတ်နိုင်သော ဤစွမ်းအားရှေ့တွင် ကူရာမဲ့နေသည့်ပုံ ပေါက်နေခဲ့ကာ အရာအားလုံး ကဲ့သို့ပင် သူတို့သည် ချက်ချင်း ဆိုသလိုပင် အဖျက်ဆီးခံခဲ့ရသည်။
ထိုက်ရီသူတော်စင်၊ ကျန်းရီသူတော်စင်၊ ရွှမ်းရီသူတော်စင်၊ လင်းတောက်ဟန်နှင့် ကျန်သောသူများသည် အတူတကွ စုစည်းလိုက်ကြကာ မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်များကို တည်ဆောက်ခဲ့ကြပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
သေမင်းပင်လယ်နှင့် ဝိညာဥ်ပင်လယ်တို့သည် ပေါင်းစည်းလာသည်ကို တွေ့ခဲ့ရသော အခါ သူတို့သည် မဟာကမ္ဘာ အတွင်းမှ အစီအစဥ်သည် စီစဥ်ထားသည့် အတိုင်း ဖြစ်လာသည်ကို သိခဲ့ကြသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...