၁၂၃၉-၁၂၄၀

243 21 0
                                    

စာစဥ် ၆၄ : အပိုင်း ၉

အပိုင်း ၁၂၃၉ : ဖြုန်းတီးခြင်း

ကမ္ဘာဦးခေတ်သည် မိစ္ဆာကလန်များက ကမ္ဘာကို လွှမ်းမိုးထားပြီး လူသားများက အားနည်းနေသည့် အချိန်ပင် ဖြစ်၏။ ပထမ ဧကရာဇ် နောက်ပိုင်းတွင် လူသားများ၏ အဆက်မပြတ် လုံ့လများကြောင့် ဖြည်းဖြည်းချင်း တိုးတက်လာကြသည်။

လူသားများ မြင့်တက်လာသည့် အချိန်တွင် မျိုးဆက်ပေါင်းများစွာမှ ခေါင်းဆောင်တို့သည် ကိုယ်ကျိုးစွန့်ကာ ရှေ့တန်းမှနေ၍ တိုက်ခိုက်ခဲ့ကြသည်။ ကမ္ဘာဦးခေတ်၏ ပထမ လူသားဧကရာဇ် ဖြစ်သော ပထမ ဧကရာဇ်မှ စကာ နောက်ဆုံး ဧကရာဇ် ဖြစ်သော တိုင်ဧကရာဇ် အထိ လူသားဧကရာဇ်များသည် မိစ္ဆာများ၏ လက်အောက်တွင် ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့အပြင် သမိုင်းမှတ်တမ်းများ အတွင်းတွင် မှတ်တမ်းတင်ခြင်းကို ခံခဲ့ရသော မဟာ ကျင့်ကြံသူ များစွာတို့လည်း ရှိသေးသည်။

သူတို့အနက်မှ လူသားဧကရာဇ် တစ်ယောက်ကို ယဥ်ကျေးမှု ဧကရာဇ်ဟု ခေါ်ကာ သူ၏နာမည်သည် ယနေ့တိုင်အောင် ကျော်ကြားလျက်ရှိသေးသည်။ ပထမ ဧကရာဇ်သည် အင်မော်တယ် နဂါးမြို့တော် မပြီးဆုံးခင် ကျဆုံးသွားခဲ့ပြီး အင်မော်တယ် နဂါးမြို့တော်ကလည်း ပျောက်ဆုံးသွားခဲ့သည်။

ဤအတောအတွင်း၌ ယဥ်ကျေးမှု ဧကရာဇ်၏ အဝါရောင်မြစ် မြေပုံနှင့် လောရှုရင်ပြင်တို့သည် လူသားသမိုင်းတွင် ပထမဆုံး ပြီးမြောက်ခဲ့သော ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ ဖြစ်သည်။

သူသည် ယဥ်ကျေးမှု ဧကရာဇ်နှင့် အတူ ကမ္ဘာဦး တော်ဝင်မိစ္ဆာ ဧကရာဇ်ဖြစ်သော ကြွယ်ဧကရာဇ် ရွှမ်ဆန်း၏ လက်အောက်တွင် အဖျက်ဆီးခံခဲ့ရသော်လည်း မြင့်တက်လာသော လူသားသမိုင်း အတွင်းတွင် ပယ်ဖျက်၍ မရသော အမှတ်အသား တစ်ခုဖြစ်ခဲ့သည်။

တစ်ချိန်တည်းတွင် ယဥ်ကျေးမှု ဧကရာဇ်သည် လူသား ဝင်္ကပါများ၏ ဖခင်ဖြစ်သည်။ ယနေ့တိုင်ပင် သူသည် လူသားကျင့်ကြံမှု သမိုင်းတလျှောက်တွင် ဝင်္ကပါများနှင့် ပတ်သတ်လာလျှင် အသန်မာဆုံး ကျင့်ကြံသူများ အတွင်းမှ တစ်ယောက်ဖြစ်သည်ဟု အသတ်မှတ်ခြင်း ခံထားရလေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now