စာစဥ် ၇၅ : အပိုင်း ၁၇
အပိုင်း ၁၄၆၇ : ကျုပ်ရဲ့ တော်ဝင်ကောင်းကင် ဝင်္ကပါအထဲကို လာလည်ချင်နေတာလား
ကြွယ်ဧကရာဇ်သည် ဟင်းလင်းပြင် အတွင်းတွင် တစ်ပတ်လည်လိုက်ပြီး ကောင်းကင်ဖျက်ဆီးဓား ရှိရာထံသို့ ရောက်လာခဲ့သည်။
သေမင်းပင်လယ်နှင့် ဝိညာဥ်ပင်လယ်မှ ခက်ထန်လှသော လှိုင်းလုံးများသည် ကြွယ်ဧကရာဇ်၏ မိစ္ဆာစွမ်းအားများ၏ လွှမ်းမိုးမှုအား ခံခဲ့ရသော အခါ ပို၍ ထကြွ လှုပ်ရှားလာကြသည်။
ဤမြင်ကွင်းအား မြင်လိုက်ရသော အခါ မဟာဟင်းလင်းပြင် သူတော်စင်နှင့် သကျမုနိတို့၏ မျက်မှောင်များက ကြုတ်သွားခဲ့သည်။
သူတို့သည် ကောင်းကင်ဖျက်ဆီး ဓားအား မနှစ်သက်ကြပဲ လင်းဖုန်းနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးများ မရှိကြပေ။ သကျမုနိသည် လင်းဖုန်းနှင့် ရန်ငြိုးရန်စပင် ရှိသေးသည်။
သို့သော်လည်း နှစ်ဦး နှစ်ဘက်သား တိုက်ခိုက်နေကြသော ယခုတိုက်ပွဲတွင် လင်းဖုန်းက မည်ကဲ့သို့ တွေးနေသည် ဖြစ်စေ သူတို့သည် တစ်ဘက်တည်းတွင် ရှိနေကြသည်။
ကောင်းကင်ဖျက်ဆီး ဓား၏ ချိပ်ပိတ်ထားမှု ပျက်စီးသွားမည်ကို မဟာဟင်းလင်းပြင် သူတော်စင်နှင့် သကျမုနိတို့က မြင်လိုနေကြသော်လည်း အကယ်၍ သူ့အား ကြွယ်ဧကရာဇ်က တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ခဲ့ပါက တိုက်ပွဲအပေါ်မှ လွှမ်းမိုးမှုသည် အကြီးအကျယ် ကြီးမားသွားလိမ့်မည် ဖြစ်သည်။
မဟာဟင်းလင်းပြင် သူတော်စင် ဖြစ်စေ၊ သကျမုနိ ဖြစ်စေ၊ ဤတော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးတို့အား ထပ်ဖန်တစ်ခါ သတ်ဖြတ်နိုင်ခြင်းသည် အကောင်းဆုံးသော အဆုံးသတ် ဖြစ်သည်။
အကယ်၍ သူတို့နှစ်ယောက်က လွတ်မြောက်သွားနိုင်ခဲ့ပါက အနာဂတ်တွင် ဘာဖြစ်လာမည်ကို ခန့်မှန်းရန် ခက်ခဲပြီး သူတို့အနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
လင်းဖုန်း၊ ကောင်းကင်ဖျက်ဆီးဓား၊ တော်ဝင်ကောင်းကင် ဝင်္ကပါ၊ ကြမ္မာပန်းတိုင် ခေါင်းလောင်း၊ မဟာဟင်းလင်းပြင် သူတော်စင်၊ အန္တိမ ကောင်းကင်ကြေးမုံနှင့် သကျမုနိတို့သည် လူသားကျင့်ကြံမှု ကမ္ဘာသမိုင်းတွင် အသန်မာဆုံး လူထုတ်ပုံ ဖြစ်ပေလိမ့်မည်။ တော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးတို့နှင့် ရင်ဆိုင်ရာတွင်ပင် အကယ်၍ သူတို့က တန်ဖိုး တစ်စုံတစ်ရာ ပေးဆပ်လိုခဲ့လျှင် သူတို့အား ဟန့်တားနိုင်မည် ဖြစ်သည်။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...