အပိုင်း ၁၄၇၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ စွမ်းအား

241 20 0
                                    

စာစဥ် ၇၆ : အပိုင်း ၉

အပိုင်း ၁၄၇၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ စွမ်းအား

ယွဲ့ဟုန်ယန်၏ မေးခွန်းအား ကြားခဲ့ရသော အခါ ကျောက်ဟွမ်သည် သူ၏ အောက်နှုတ်ခမ်းကို ကိုက်၍ ပြန်ပြောလိုက်သည်။ "ကျွန်တော်က ကျွန်တော့်မိဘတွေကို သံသရာ အတွင်းမှာ ပြန်လည်မွေးဖွားပြီး နောက်ထပ်ဘဝ အသစ်ကို စတင်ဖို့ ဆန္ဒရှိနေပေမဲ့ သူတို့က ဆက်နေချင်နေကြတယ်"

ယွဲ့ဟုန်ယန်က သူ၏ခေါင်းကို ညိတ်၍ ပြောလိုက်သည်။ "သူတို့ဘာသာ သူတို့ ဆုံးဖြတ်ပါစေ… သူတို့က မင်းကို ခွဲခွာဖို့ ဝန်လေးနေကြတယ်"

ကျောက်ဟွမ်က သက်ပြင်း ဖွဖွလေးချ၍ ပြောလိုက်သည်။ "ကျွန်တော်ကလည်း ကျွန်တော့် မိဘတွေနဲ့ ဘယ်ခွဲချင်နေပါ့မလဲ… ဒါပေမဲ့ ကျွန်တော်က သူတို့ကို မှော်အိုင်တမ်တွေ အတွင်းမှ အသက်ရှင်နေရတဲ့ အထီးကျန် ဝိညာဥ်တွေ အဖြစ်နဲ့ ဆက်မနေစေလိုဘူး… သူတို့က တကယ့် လူသားတွေလို ဘယ်တော့မှ နေနိုင်မှာ မဟုတ်ပဲ ကမ္ဘာကြီးကို ကျင်လည် ကျက်စားနိုင်မှာ မဟုတ်ဘူး"

ယွဲ့ဟုန်ယန်က ပြောလိုက်သည်။ "ဆက်နေဖို့ ရွေးချယ်ခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေ ရှိနေကြတယ်… အားလုံးတို့က အတူတကွ ရှိနေကြတဲ့ အချိန်မှာ ငါတို့က ဆွေမျိုးတွေရဲ့ နွေးထွေးမှုကို ခံစားရသေးမှာပဲ… ဒါကြောင့်မို့ သူတို့ဟာ အထီးကျန်တယ်လို့ ပြောလို့မရဘူး"

"မင်းရဲ့ မိဘတွေဟာ ပြင်ပကမ္ဘာကို ထွက်သွားလို့ မရပေမဲ့ မင်းက အပြင်ကို ထွက်တဲ့ အချိန်ကျရင် သူတို့ကို ခေါ်သွားလို့ ရသေးတာပဲ"

ကျောက်ဟွမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့… ကျွန်တော် နားလည်ပါပြီ" သူသည် သူ့ဆရာအား စိုက်ကြည့်နေရင်း ဘာမှ ဆက်မပြောတော့ပေ။

မည်သို့ပင် ဖြစ်စေ သူသည် သူက သူ့မိသားစုနှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့သည်ကို ကျေနပ်နေပြီ ဖြစ်သည်။ သူမဆရာ ယွဲ့ဟုန်ယန်သည် သူမ၏ မိသားစုများကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မည် မဟုတ်ချေ။

ယွဲ့ဟုန်ယန်သည် သူကြီးပြင်းလာသည်ကို ငယ်စဥ်ကတည်းက စောင့်ကြည့်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် သူစဥ်းစားနေသည်ကို ဘယ်မှာ မသိပဲ ရှိပါအံ့နည်း။ ယွဲ့ဟုန်ယန်သည် ကျောက်ဟွမ်၏ အမူအရာကို ကြည့်၍ ရယ်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Dove le storie prendono vita. Scoprilo ora