စာစဥ် ၆၈ : အပိုင်း ၁၅
အပိုင်း ၁၃၂၅ : အနီနှင့် အနက်ကမ္ဘာ၊ အရိုးစု စိတ်ဝိညာဥ် ယဇ်ပလ္လင်
လျှိုကြီးနှင့် နင်းဝမ်ကောတို့သည် ထိုနေရာတွင် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေကာ သူတို့နှစ်ယောက်၏ စိတ်များသည် အတွေးနက်စွာဖြင့် လွင့်မျောနေလေသည်။
အစောပိုင်းက သူတို့၏ မိစ္ဆာစိတ်ရိုင်းများ ထကြွလာခဲ့သော အချိန်တွင် သူတို့၏ စိတ်အတွင်းမှ စိတ်ဝိညာဥ် တာဝါသည် ယိမ်းယိုင်သွားခဲ့သည်။ သူတို့၏ စိတ်အတွင်းတွင် မရေမတွက်နိုင်သော အတွေးအကြံများ ပေါ်လာ၍ သူတို့အား အဆက်မပြတ် နှောင့်ယှက်နေခဲ့သည်။ အထူးသဖြင့် ဟေးဒီးစ်ဧကရီနှင့် ပတ်သတ်သော အတွေ့အကြုံများပင် ဖြစ်သည်။
သို့သော်လည်း သူတို့သည် စိတ်ငြိမ်းချမ်းမှုကို ပြန်လည်၍ တည်ဆောက်နိုင်ခဲ့သည်။ သူတို့သည် သူတို့၏ အတွေးများကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကာ ဖြစ်ပျက်ခဲ့သော အရာအားလုံးတို့ကို သုံးသပ်နိုင်ခဲ့သည်။
ကမ္ဘာချီ၍ ကြာမြင့်သည်ဟု ထင်နေရအပြီးတွင် ဟင်းလင်းပြင်က ရုတ်တရက်ဖြင့် ညင်သာစွာ တုန်ခါသွားခဲ့သည်။ လျှိုကြီးနှင့် နင်းဝမ်ကောတို့က လှမ်းကြည့်လိုက်ကြရာ ဒိုင်မန်းရှင်းက ကွဲဟသွား၍ ဧရာမ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်သည် ပေပေါင်းတစ်သိန်း မြင့်သည်ဟု ထင်နေရ၍ ကောင်းကင်နှင့် မြေကြီးတို့အား ပြည့်နှက်သွားသည်ဟု ထင်နေရသည်။ အဆုံးအစမဲ့သော ဟင်းလင်းပြင် အတွင်း၌ပင် သူ၏ အရွယ်အစားကို ခံစားနေရပေသည်။ ထိုအရာသည် ဝမ်လင်း၏ မဟာစေတန် ကိုယ်ပွားပင် ဖြစ်သည်။
ထိုမဟာစေတန် ကိုယ်ပွား အသက်ရှူနေသော အခါ သူ၏ နှာခေါင်းပေါက်များမှ ကြည်လင်သော လေစီးကြောင်း နှစ်ခုတို့ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်ကို တွေ့နေနိုင်ပေသည်။
ထိုကြည်လင်နေသော လေသည် လျှိုကြီး၏ ခန္ဓာကိုယ်နှင့် ဆက်သွယ်နေသော ရောင်စဥ်ကိုးသွယ် တောက်ပသော အလင်းတန်း ဖြစ်သည်။ ဝမ်လင်းသည် ထိုကြည်လင်သော လေစီးကြောင်း အနောက်သို့ လိုက်လာကာ ဟင်းလင်းပြင် စစ်တလင်း အတွင်း၌ လျှိုကြီး၏ နေရာကို ရှာနိုင်ခဲ့ခြင်း ဖြစ်သည်။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...