စာစဥ် ၆၄ : အပိုင်း ၇
အပိုင်း ၁၂၃၇ : သေမင်းခန်းမနှင့် တိုက်ခိုက်ခြင်း
ထိုမီးခိုးရောင် တိမ်တိုက်များ လှုပ်ရှားသွားကြသော အခါ မြူခိုးငွေ့များက ဖြည်းဖြည်းချင်း လွင့်ပြယ်သွား၍ လူတစ်အုပ်စုကို ဖော်ပြလိုက်သည်။
ထိုလူအုပ်သည် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အရှေ့ဆုံးမှ လူသည် အရပ်မြင့်မြင့်ဖြင့် ဝတ်ရုံခြုံလွှာကို ခြုံထားကာ သူ၏ အသွင်အပြင်ကို မတွေ့ရသော်လည်း သူ၏ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် လှုပ်ရှားမှုများကြောင့် သူသည် စင်စစ် ဖြစ်တည်မှု လမ်းစဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်ဟု သိနိုင်သည်။
သူသည် သေမင်းခန်းမ၏ ငရဲဘုရင် ဆယ်ပါးအနက်မှ အသန်မာဆုံး ဖြစ်သော သေမင်းဧကရာဇ်၏ သစ္စာရှိ လူယုံတော်ဖြစ်သည့် ခန်းမခွဲခေါင်းဆောင် ယန်လော်ဘုရင် ဖြစ်သည်။
သူနှင့်အတူ ဘေးချင်းယှဥ်ပြီး ရပ်နေကြသူများအနက် ဘယ်ဘက်မှ တစ်ယောက်သည် ရွှေရောင် အနားကွပ်ထားသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။
သူသည် အနက်ရောင် ကိုယ်ထည်နှင့် ရွှေရောင်ထိပ်ဖျားကို ပိုင်ဆိုင်ထားသော ဧရာမ စုတ်တံ တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုအရာသည် မဟာယာန အဆင့်မှ မှော်ရတနာ တစ်ခုဖြစ်သော သေမင်းဧကရာဇ် စုတ်တံ၏ မူလစိတ်ဝိညာဥ်ပင် ဖြစ်သည်။
ယန်လော်ဘုရင်၏ ညာဘက်တွင် အနက်ရောင် ဝတ်ရုံခြုံလွှာကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ရှိနေသည်။ သို့သော်လည်း သူ၏ ခေါင်းဆောင်းကို ဖယ်ရှားထားသဖြင့် သူ၏မျက်နှာကို တွေ့နေရသည်။
ထိုအဘိုးဘို၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများသည် လုံးဝကို ကြက်သွေးရောင် သန်းနေ၍ အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ယန်ချင်၊ လီယွမ်ဖန်းနှင့် ကျန်သောသူများသည် သူ့အား ပထမဆုံး အကြိမ် တွေ့ဖူးခဲ့ခြင်း ဖြစ်သော်လည်း သူ့အား ချက်ချင်းပင် သိလိုက်ကြသည်။
ဤအဘိုးအိုသည် သံသရာဂိုဏ်း၏ လက်ရှိ ခေါင်းဆောင်ဖြစ်၍ အတိတ်မှ အသူရာ လမ်းစဥ် ခေါင်းဆောင်ဖြစ်သော မော်ရှုလော်ပင် ဖြစ်၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...