အပိုင်း ၁၁၇၁ : မယုံနိုင်လောက်အောင် ပြိုလဲကျသွားခြင်း
ယန်တီသည် ဇူရီပို့လာသော သတင်းများကို ကြားလိုက်ရ အပြီးတွင် သူ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ "ဆရာ… ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ အန္တိမ ကောင်းကင်ကြေးမုံတို့က မဟူရာ ပင်လယ်အတွင်းမှာ ရှိနေကြသေးလား"
ဇူရီက ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။ "ရှိနေသေးတယ်"
ယန်တီ၊ ယင်းလော်ရှ၊ ကျောက်ဟွမ်နှင့် ကျန်သောသူများက ငြိမ်သက်သွားကြသည်။
မြေနဂါးဘုရင်နှင့် မိုးပြာရောင် ကောင်းကင် နဂါးဘုရင်တို့ကသာ မဟူရာ ပင်လယ်အတွင်းမှ ထွက်လာကြခြင်း ဖြစ်သည်။ ပို၍ အစွမ်းထက်ကြသော မူလနဂါး ဘုရင်၊ ယခုလေးတင် ဗီပရာလိုပါ အဆင့်သို့ ရောက်သွားကြသော ရှန်နဂါးဘုရင်နှင့် အစောပိုင်းက မဟူရာ ပင်လယ်အတွင်းသို့ ဝင်သွားကြသော ဖီးနစ် မဟာပဏ္ဍိတတို့က မလာခဲ့ကြပေ။
ဟင်းလင်းပြင် ဘုရားကျောင်းသည် မဟူရာ ပင်လယ်အတွင်းတွင် ပိတ်မိနေဆဲ ဖြစ်ကာ နဂါးမျိုးနွယ်စုများက စစ်မျက်နှာ နှစ်ဘက်ဖွင့်၍ တိုက်ခဲ့ကြသည်။ ဤဆုံးဖြတ်ချက်၏ အနောက်မှ နက်ရှိုင်းသော ဆိုလိုချက်အား သုံးသပ်ရဦးမည် ဖြစ်သည်။
ဤအရာသည် ဟင်းလင်းပြင် ဘုရားကျောင်းက မဟူရာ ပင်လယ်အတွင်းတွင် ရှုံးနိမ့်နေကြသည်ဟု မဆိုလိုပေ။ အကယ်၍ နဂါးများက အနိုင်ရနေပါက သူတို့၏ စွမ်းအားများကို ခွဲဝေမည် မဟုတ်ပဲ အားလုံးစုစည်းကာ ဟင်းလင်းပြင် ဘုရားကျောင်းနှင့် အန္တိမ ကောင်းကင်ကြေးမုံတို့အား မဟူရာ ပင်လယ်အတွင်းတွင် နှိမ်နင်းနိုင်ရန် အာရုံစိုက်နေကြမည် ဖြစ်သည်။
သို့သော်လည်း အခြေအနေများမှာ သိပ်ကောင်းနေသည့်ပုံ မပေါ်နေချေ။ ယခုအချိန်တွင် အဖြစ်နိုင်ဆုံး အခြေအနေမှာ ဟင်းလင်းပြင် ဘုရားကျောင်းသည် အန္တိမ ကောင်းကင်ကြေးမုံ အပေါ်၌သာ မှီခို၍ မဟူရာ ပင်လယ်အတွင်းတွင် ခံစစ်များကိုသာ ကျင့်သုံးနိုင်နေခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် နဂါးတို့သည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာသော မူလနဂါး ဘုရင်အား မှီခိုကာ အပြည့်အဝ ပြန်လည် မသက်သာသေးသော အန္တိမ ကောင်းကင်ကြေးမုံအား ဖိနှိပ်နိုင်မည် ဖြစ်သည်။ သူသည် ယခုအခွင့်အရေးကို အသုံးချကာ အောက်စည်းသို့ ရောက်နေသော ပြိုင်ဘက်အား ကျော်လွှားနိုင်ပေမည်။
أنت تقرأ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
مغامرة✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...