အပိုင်း ၁၄၈၀ : သူ့အား မတွေ့စေလိုသော သူများသည် သူ့ကို ဘယ်တော့မှ တွေ့ရမည် မဟုတ်ချေ

259 19 0
                                    

စာစဥ် ၇၆ : အပိုင်း ၁၀

အပိုင်း ၁၄၈၀ : သူ့အား မတွေ့စေလိုသော သူများသည် သူ့ကို ဘယ်တော့မှ တွေ့ရမည် မဟုတ်ချေ

နောက်ထပ်သုံးရက် အကြာတွင် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းရှိ မဟူရာ ပင်လယ်နှင့် မဟာကမ္ဘာ တို့အား ဆက်သွယ်ထားသည့် နယ်နိမိတ် လမ်းကြောင်း အနီးတွင် ခရမ်းရောင် မြူခိုးငွေ့ ပင်လယ်ဟု ခေါ်သော ကျယ်ပြန့်သည့် သမုဒ္ဒရာ တစ်ခု ရှိနေသည်။

ခရမ်းရောင် မြူခိုးငွေ့ ပင်လယ်သည် တည်ငြိမ်နေကာ တိမ်တိုက်များက ငြိမ်းချမ်းနေ၍ လေပြည်များက ညင်သာနေသည်။

သို့သော်လည်း ဤနေရာတွင် ရှိနေကျဖြစ်သော မဟူရာ ပင်လယ်၏ ဝင်ပေါက်အား မည်သည့် နေရာတွင်မှ မတွေ့နိုင်ချေ။

ကျယ်ပြန့်လှသော ခရမ်းရောင် မြူခိုးငွေ့ ပင်လယ် အပေါ်တွင် မည်သည့်အရာမှ မရှိနေချေ။

မဟာလွင်တီးခေါင် ကုန်းမြေနှင့် နတ်ဘုရား နယ်မြေ အတွင်းမှ လူတိုင်းတို့သည် ဤမြင်ကွင်းအား ဤနှစ်များ အတွင်းတွင် ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။

ဝိညာဥ်ပင်လယ် ပြိုင်ပွဲ အတွင်း၌ ရွှမ်ဆန်းသည် ပြန်လာနိုင်ခဲ့ကာ မဟူရာ ပင်လယ် အတွင်းသို့ ဆုတ်ခွာသွား၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ခေါင်းဆောင် လင်းဖုန်းသည် သူ့၏ မော်ကွန်းဝင် စွမ်းအားများဖြင့် ပိတ်ဆို့ထားခဲ့သည်။

ကြမ္မာပန်းတိုင် ခေါင်းလောင်း၊ ထိုက်ကျိကောင်းကင် ကြယ်စင်ဝင်္ကပါ၊ တော်ဝင်ကောင်းကင် ဝင်္ကပါနှင့် ကောင်းကင်ဖျက်ဆီး ဓားတို့သည် အတူတကွ စုပေါင်းကာ အကျဥ်းထောင် အဖြစ် လုပ်ဆောင်ခဲ့ကြသည်။ မူလကောင်းကင် ကမ္ဘာ၏ အထွတ်အထိပ် နေရာတွင် ရှိနေသော အစွမ်းထက်သည့် တော်ဝင်မိစ္ဆာ ဧကရာဇ် ကြွယ်ဧကရာဇ် ရွှမ်ဆန်းသည် သူ၏ ကိုယ်ပိုင်အိမ် ဖြစ်သော မဟူရာ ပင်လယ် အတွင်းတွင် အချုပ်နှောင်ခဲ့နေရသည်။

အချိန်နှင့် အမျှ အချိန်ကာလနှင့် လေဟာနယ်သည် တွန့်လိမ်သွားကာ မဟူရာ ပင်လယ် အတွင်းသို့ ဝင်ပေါက်ကပင် မဟာကမ္ဘာ ထံမှ ကွယ်ပျောက်သွားခဲ့သည်။ နဂါးများသည် နယ်အနှင်ခံထားခဲ့ရသကဲ့သို့ ဖြစ်နေ၍ မဟာကမ္ဘာမှ ကင်းကွာနေကြပြီး ပြင်ပလူများက မဟူရာ ပင်လယ်အတွင်းသို့ မဝင်နိုင်ကြတော့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now