အပိုင်း ၁၁၄၅ - ၁၁၄၆

296 26 0
                                    

စာစဥ် ၅၉ : အပိုင်း ၁၅

အပိုင်း ၁၁၄၅ : စိတ်ရှုပ်ထွေးခြင်း

သူ၏ ပြိုင်ဘက်သည် ကျယ်ပြန့်လှသော ယင်ပင်လယ်အား ဖြတ်ကျော်ကာ ပန်းလိုင်နတ်တောင်ထံသို့ ရောက်ရှိနိုင်ခဲ့သည်။

ဝမ်လင်းသည် တောင်ထိပ်မှ စံအိမ်အပေါ်သို့ ရောက်သွားသောအခါ ပတ်ပတ်လည်ကို ကြည့်၍ တွေးလိုက်သည်။ "တာအိုရောင်းရင်း လျှိုကြီးက ဘယ်ရောက်သွားသလဲ… သူက ဒီနေရာမှာ ကျင့်ကြံနေတာ မလား… ဆရာရဲ့ ကိုယ်ပွားကလည်း မရှိနေဘူး"

ဝမ်လင်းသည် လင်းဖုန်းက လျှိုကြီးအား ပန်းလိုင်ကို စွန့်ခွာခိုင်းခဲ့သလော ဟူသည်ကို သိမနေချေ။ သို့သော်လည်း လျှိုကြီးအား မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့သည်ကို ထူးဆန်းနေခဲ့သည်။

ဝတ်ရုံဖြူနှင့်လူသည် ဝမ်လင်းအား ကြည့်၍ ဖွဖွလေး ပြုံးလိုက်သည်။ "ကြည့်ရတာ ဒီနေရာမှာ အရင်က လူတွေရှိခဲ့တယ်… ဒါပေမဲ့ အခုအချိန်မှာ တစ်ယောက်မှ မရှိတော့ဘူး"

"ဘယ်သူ့ရဲ့ ကံက ပိုကောင်းတာလဲ… ငါ့ရဲ့ကံလား… သူတို့ရဲ့ကံလား"

စကားဆုံးသည်နှင့် ထိုသူသည် မှော်ကျိန်စာ တစ်ခုကို ဖန်ဆင်းလိုက်သည်။ အနက်ရောင် အလင်းတန်း တစ်ခု ပေါ်လာသော်လည်း သူသည် မြေကြီးကို မထိခဲ့ချေ။ ဝမ်လင်းအား တွေ့ပြီးကတည်းက သူ၏ လက်များမှ သင်္ကေတများသည် ပြောင်းသွား၍ အနက်ရောင် အလင်းတန်းများက စတင်၍ ပျံ့နှံ့လာသည်။ သူတို့သည် တိမ်တိုက် မြူခိုးငွေ့များကဲ့သို့ ဝမ်လင်းထံသို့ ပြေးဝင်လာ၏။

ဝမ်လင်း၏ အမူအရာများက မပြောင်းခဲ့ချေ။ ထပ်ဖန်တစ်ခါ သူသည် ငရဲကမ္ဘာ ဖျက်ဆီးခြင်း အဆင့်ကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ဤအချိန်တွင် သူသည် သူ့အား မပျံ့နှံ့စေပဲ သူတို့အားလုံးကို သူ့အပေါ်၌သာ စုစည်းလိုက်၏။

လှိုင်းထနေသော ငရဲကမ္ဘာ အကြွင်းမဲ့ရေများ စီးထွက်လာကာ အသံမဲ့ ငရဲကမ္ဘာ မြစ်ရေအဖြစ်သို့ ပြောင်းသွားကြပြီး သူ၏အရှေ့မှ အနက်ရောင် တိမ်တိုက် မြူခိုးငွေ့များကို လွင့်ပြယ်စေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now