အပိုင်း ၁၄၄၂ : ကြယ်စင်ပင်လယ်၏ ဝင်ပေါက်ခြောက်ခု

172 20 0
                                    

စာစဥ် ၇၄ : အပိုင်း ၁၂

အပိုင်း ၁၄၄၂ : ကြယ်စင်ပင်လယ်၏ ဝင်ပေါက်ခြောက်ခု

ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းသည် သူနှင့်အတူ မှော်ကျိန်စာ တစ်သောင်းတို့၏ စွမ်းအားများကို သယ်ဆောင်ထား၍ မူလနဂါး ဘုရင် အနားမှ အကာအကွယ် အလင်းတန်းအား ချိုးဖောက်သွားခဲ့သည်။

ပြီးတာနှင့် ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းသည် သူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားခဲ့လေသည်။

ဓားအလင်းတန်း ပျံ့နှံ့လာသော အခါ သူသည် ကောင်းကင်အား ဖြတ်တောက်နိုင်သော ဓားအလင်းတန်းနှင့် တူနေ၍ ကောင်းကင်နှင့် မြေကြီး၊ ပြီးနောက် ဧရာမ နဂါးကြီးအား ထိုးဖောက်သွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် နဂါး အကြေးခွံနှင့် သွေးများသည် နေရာအနှံ့ ပြန့်ကျဲသွားကြသည်။ မူလနဂါး ဘုရင်သည် အမျက်တကြီးဖြင့် အဆက်မပြတ် ဟိန်းဟောက်နေကာ သူ၏ အမျက်ဒေါသအား ထိန်းချုပ်၍ မရနိုင်ခဲ့သလို သူ၏ အားနည်းနေမှုအား ဖော်ပြနေခဲ့သလို ဖြစ်နေခဲ့သည်။

အစောပိုင်းတွင် သူသည် လင်းဖုန်းကြောင့် ဒဏ်ရာ အပြင်းအထန် ရထားခဲ့ပြီး အခုအချိန်တွင် ဤဓားချက်၏ သားကောင် ဖြစ်သွားသဖြင့် သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပဲ သူ၏ သွေးများနှင့် အတူ သူ၏ စွမ်းအားများ အားလုံးတို့သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ ထွက်သွားသည်ဟု ခံစားနေခဲ့ရလေသည်။

ကောင်းကင်နှင့် မြေကြီးတို့သည် အဆက်မပြတ် တုန်ခါနေခဲ့ပြီး ဝိညာဥ်ပင်လယ် အပေါ်၌သာ သက်ရောက်မှု ရှိခဲ့ခြင်း မဟုတ်ပဲ ဝိညာဥ်ပင်လယ်နှင့် နီးကပ်စွာ ဆက်စပ်နေသော မဟာကမ္ဘာကလည်း ပြင်းထန်စွာဖြင့် လှုပ်ခါနေခဲ့သည်။

ဗီပရာလိုပါ အဆင့်မှ မိစ္ဆာတစ်ကောင်၏ အစစ်အမှန် ပုံစံသည် မဟာကမ္ဘာနှင့် နီးကပ်စွာ ဆက်စပ်နေသဖြင့် မည်သည့် ဒဏ်ရာပုံစံ မဆို မဟာကမ္ဘာ အတွင်းတွင် တူညီသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

ကြမ္မာပန်းတိုင် ဒုတိယ ကပ်ဘေးအား ကျော်လွှားပြီးသော မူလနဂါး ဘုရင်သည် မဟာကမ္ဘာနှင့် နက်ရှိုင်းစွာ ဆက်စပ်နေခြင်း ဖြစ်သည်။ သူသည် ဝိညာဥ်ပင်လယ် အတွင်းတွင် ဒဏ်ရာရသွားခြင်း ဖြစ်သော်လည်း မဟာကမ္ဘာကလည်း သက်ရောက်မှုများကို ခံစားခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now