စာစဥ် ၆၄ : အပိုင်း ၁၁
အပိုင်း ၁၂၄၁ : အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိခြင်း
ဟင်းလင်းပြင် စစ်တလင်း အတွင်းတွင် ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဝင်္ကပါသည် အစွမ်းထက်သော ခံတပ်တစ်ခုအလား လီယွမ်ဖန်းအား ဝန်းရံထားပေးသည်။ လေပြင်း အလွှာများစွာတို့၏ အပေါ်၌ ဧရာမ ဝင်္ကပါလေးခုတို့က အရပ်မျက်နှာ အသီးသီးသို့ မျက်နှာမူကာ တည်ရှိနေကြလေသည်။
ကောင်းကင်တံခါး လေးမျိုးတို့က ပို၍ကြီးမားသည့် ဝင်္ကပါတစ်ခုကို အတူတကွ ဖန်ဆင်းတော့မည်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ဤဝင်္ကပါသည် ကျွမ်းလွမ်ဘုရင်နှင့် ပင်းတန်းဘုရင်တို့အား အနက်ရောင် လေပြင်းမုန်တိုင်းများ၊ ရှည်လျားသော ကြယ်မြစ်များ၊ ဒေါမာန်ပြင်းနေသော ဓားမီးတောက်များနှင့် ဖိတ်ဖိတ်တောက်နေသော ကြယ်မှုန်များဖြင့် အစွမ်းထက်သော ဖြစ်တည်မှု တစ်ခုအဖြစ် ပေါင်းစည်းလိုက်ကာ ရင်ဆိုင် တိုက်ခိုက်လိုက်သည်။
"ဒီဝင်္ကပါက တကယ်ပဲ အထင်ကြီးဖွယ်ရာ ကောင်းပေမဲ့ အပြည့်အဝ မပြည့်စုံသေးဘူး… မဟုတ်မှလွဲရော… သူက မှော်ရတနာ တစ်ခု လိုနေတာပဲ ဖြစ်ရမယ်" ပင်းတန်းဘုရင်က တွေးလိုက်၏။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်က ကျင့်ကြံသူ တစ်ယောက်အနေနဲ့ သူက ဒီလိုမျိုး မှော်ဆန်တဲ့ တွက်ချက်မှုတွေကို ပြုလုပ်နိုင်တာက ယုံနိုင်ဖွယ်ရာ မရှိဘူး"
ပင်းတန်းဘုရင်သည် လော်မြစ်ပေါ်မှလှေအား မောင်းနှင်၍ ဝိညာဥ်စုဆောင်း မီးအိမ်ကို ထိန်းချုပ်လိုက်ကာ အစွမ်းထက်သော မုန်တိုင်းအတွင်းတွင် ရုန်းကန်နေသော ဖောင်လေးအတိုင်း လျှို့ဝှက်ဆန်းကြယ်သော ဟဲလော် ကောင်းကင်တံခါး ဝင်္ကပါအား ဟန့်တားနိုင်ရန် ကြိုးစားနေလေ၏။
သို့သော်လည်း ပင်းတန်းဘုရင်သည် စိန်ခေါ်မှုများကြောင့် နောက်ဆုတ်တတ်သူ မဟုတ်ချေ။ သူမသည် မှော်သင်္ကေတများကို အဆက်မပြတ် ထုတ်ဖော်နေ၍ ဟဲလော် ကောင်းကင်တံခါး ဝင်္ကပါ၏ သိမ်မွေ့နက်နဲမှုများကို လေ့လာနေကာ သူမ၏ အတွေးအမြင်များကို ကျွမ်းလွမ်ဘုရင်နှင့် ဝေမျှနေ၏။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...