အပိုင်း ၁၄၆၉ : ရဲဘော်၊ တစ်မိနစ်လောက် စောင့်ပါဦး

158 17 0
                                    

စာစဥ် ၇၅ : အပိုင်း ၁၉

အပိုင်း ၁၄၆၉ : ရဲဘော်၊ တစ်မိနစ်လောက် စောင့်ပါဦး

လင်းဖုန်းအား ကြည့်နေရင်း ကြွယ်ဧကရာဇ်၏ အကြည့်သည် ပို၍ပင် အေးစက်လာခဲ့သည်။

မဟာဟင်းလင်းပြင် သူတော်စင်သည် အလွန်အမင်း တည်ငြိမ်နေသည့်ပုံ ပေါက်နေ၍ သူ၏ အကြည့်သည် အနည်းငယ် နူးညံ့ သိမ်မွေ့နေခဲ့ပြီး တစ်ယောက်သည် သူက ဘာစဥ်းစားနေသည်ကို နားလည်ရန် မလွယ်ကူပေ။

သကျမုနိသည် လင်းဖုန်းအား ကြည့်နေရင်း ပို၍ ရှုပ်ထွေးလာသည့်ပုံ ပေါက်နေကာ အချိန်အတန်ကြာ ငြိမ်သက်သွားခဲ့သည်။

လင်းဖုန်းသည် ယခုအချိန်တွင် ပြိုလဲခြင်း စာအုပ်ကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။ သူသည် သကျမုနိနှင့် စကြာဝဠာ စကျင်ဗုဒ္ဓတို့အား ကောင်းကင်စေတီ အပေါ်မှ ပြုတ်ကျစေခဲ့အပြီးတွင် သကျမုနိသည် လင်းဖုန်း၏ စွမ်းအားကို ခံစားမိခဲ့သည်။ သို့သော်လည်း သူသည် ယခုအချိန်လောက် သန်မာနေသည်ဟု မခံစားခဲ့ရပေ။

သူသည် ဘဝသုံးမျိုး ကမ္မကျိန်စာအား ကောင်းစွာ ကျွမ်းကျင်ကာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အား ကြည့်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဆင်ခြင်သုံးသပ်သည့် အပိုင်းတွင် သူသည် မူလကောင်းကင် ကမ္ဘာ တစ်ခုလုံးတွင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သကျမုနိသည် လင်းဖုန်းအား ကောင်းစွာ ထွင်းဖောက်၍ မမြင်နိုင်ခဲ့ပေ။

သူသည် ထိုက်ကျိကောင်းကင် ကြယ်စင်ဝင်္ကပါအား အကြမ်းဖျင်း ပုံဖော်နိုင်ခဲ့သော်လည်း တော်ဝင်ကောင်းကင် ဝင်္ကပါ၏ ပေါ်ပေါက်လာမှုသည် သူ၏ မျှော်မှန်းချက်များ၏ အပြင်သို့ လုံးဝ ရောက်နေခဲ့သည်။

မဖျက်ဆီးနိုင်သော လောကသို့ ရောက်နေသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ရှန်းယွမ်နှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးသူ တစ်ယောက် အနေဖြင့် သကျမုနိသည် ရှန်းယွမ်၏ စွမ်းရည်များ အကြောင်းကို ကောင်းစွာ နားလည်ထားသည်။

သို့သော်လည်း ရှန်းယွမ်သည် ယခုအချိန်တွင် လင်းဖုန်း၏ လုံးဝ ဖိနှိပ်ထားမှုကို ခံနေရကာ လွတ်မြောက်နိုင်စွမ်း မရှိတော့ပဲ နောက်တစ်ကြိမ် ထပ်မံကြွေလွင့်နိုင်ကိန်း များနေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now