အပိုင်း ၁၁၄၇ - ၁၁၄၈

280 21 0
                                    

စာစဥ် ၅၉ : အပိုင်း ၁၇

အပိုင်း ၁၁၄၇ : ယန်ချင်က ဘယ်ရောက်သွားတာလဲ

အေးစက်သော ဝမ်လင်း၏ အကြည့်ကို တွေ့လိုက်ရသော အခါ နင်းဝမ်ကောက တုန်လှုပ်သွား၏။ "မင်းက အိမ်မက်အတွင်းကနေ မထွက်လာခဲ့ရင် ငါက မင်းရဲ့ ဂျူနီယာကို ဖမ်းဆီးထားဖို့ မပြောနဲ့ မင်းတို့ ရောက်လာမှန်းကိုသာ မသိဘူး… သူက သူ့ရဲ့ မူလနေရာမှာ ရှိနေလိမ့်မယ်… ဒါပေမဲ့ သူကလည်း အိမ်မက်မက်နေနိုင်တယ်"

ဝမ်လင်းသည် အရှေ့သို့ လှမ်းတက်လာကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အစောပိုင်းက ကျုပ်ဟာ ကျုပ်ရဲ့ နံပါတ်ငါး ဂျူနီယာနဲ့ ကျန်တဲ့သူတွေကို ကျုပ်ရဲ့ မှော်စွမ်းအင်တွေနဲ့ သယ်ဆောင်လာတာ… ကျုပ်ရဲ့ အိမ်မက်ထဲမှာ သူတို့ဟာ ဝတ်ရုံဖြူနဲ့ လူကြီးရဲ့ ယူသွားခြင်းကို ခံခဲ့ရတယ်"

"တကယ်လို့ ဒါဟာ ကျုပ်အတွေးတွေရဲ့ ဖော်ပြခြင်း သက်သက်သာ ဖြစ်မယ်ဆိုရင် သူတို့ဟာ ဘာဖြစ်လို့ ကျုပ်က သူတို့အတွက် ဖန်တီးထားတဲ့ ကမ္ဘာငယ် အတွင်းမှာ ရှိမနေတာလဲ"

နင်းဝမ်ကောက သူမ၏ ခေါင်းကိုခါ၍ ပြောလိုက်သည်။ "ငါကလည်း သူတို့ ဘယ်ရောက်သွားသလဲ ဆိုတာကို မသိဘူး… ဒါပေမဲ့ ဒီပုံရိပ်ယောင် အတွင်းကို ရွှေရောင်ငှက်တောင် မဟာနတ်ငှက်ကလွဲလို့ တခြား ဘယ်သူမှ ဝင်မလာခဲ့ဘူး"

ဝမ်လင်းက စိတ်ရှုပ်ထွေးသောပုံ ပေါက်သွား၏။ သူက အင်မော်တယ် ဝိညာဥ် အဆင့်သို့ တက်လှမ်းခဲ့ အပြီးတွင် ဤကဲ့သို့သော ခံစားချက်များကို သိပ်မတွေ့ရတော့ပေ။

သူသည် နင်းဝမ်ကောအား ခေတ္တမျှ စိုက်ကြည့်နေပြီး ရွှေရောင်ငှက်တောင် မဟာနတ်ငှက်ထံသို့ အကြည့်ပြန်ရွှေ့လိုက်ကာ သူ၏ ဒဏ်ရာများကို လေ့လာနေသည်။

ဤရွှေရောင်ငှက်တောင် မဟာနတ်ငှက်သည် ထော်ခုန်း မဟာပဏ္ဍိတပင် ဖြစ်၏။

သူ၏ဒဏ်ရာမှာ လေဟာနယ် အတွင်းမှ တွင်းနက်တစ်ခုကဲ့သို့ မည်းနက်နေသည်။ သူသည် အတိုက်စား ခံခဲ့ရသော ချောက်နက်ကြီး တစ်ခုနှင့်လည်း တူနေ၏။

အနက်ရောင် မိစ္ဆာစွမ်းအားများသည် ထော်ခုန်း မဟာပဏ္ဍိတ၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းခြင်း ခံခဲ့ရပုံ ပေါက်နေသည်။ သူသည် သူနှင့် မွေးစကတည်းက ရှိနေသည့်အတိုင်း မပျံ့နှံ့သွားခဲ့ပေ။ သို့သော်လည်း သူတို့အား ဖယ်ရှားရန်လည်း ခက်ခဲလှ၏။ သူတို့သည် သူနှင့် တစ်သက်လုံး လိုက်ပါလာကြမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ