၁၄၀၅-၁၄၀၆

196 18 0
                                    

စာစဥ် ၇၂ : အပိုင်း ၁၅

အပိုင်း ၁၄၀၅ : ခက်ထန်သော ရှီထျန်းဟောင်

ရှီရှင်းယွမ်အား တည့်တည့် ကြည့်နေရင်း မြေနဂါးဘုရင်သည် ဟိန်းဟောက်လိုက်ကာ သူ၏ ဧရာမ ပုံစံသည် တွန့်လိမ် ပြောင်းလဲသွား၍ ရှီရှင်းယွမ် သူ့အပေါ်သို့ ပစ်လွှတ်လိုက်သော ချုပ်နှောင်မှုများမှ လွတ်မြောက်သွားခဲ့သည်။

စိတ်အားထက်သန်သော မျက်လုံးများဖြင့် မြေနဂါးဘုရင်သည် ရှီရှင်းယွမ်အား စောင့်နေခဲ့ကာ ရုတ်တရက် မျက်တောင်ခတ်လိုက်သည်။

ရုတ်တရက်ပင် ကောင်းကင်ပေါ်မှ အရောင် ပြောင်းသွားခဲ့သည်။ သူ၏ မျက်လုံးများ ပွင့်နေသော အခါ ကောင်းကင်သည် နေ့ကဲ့သို့ တောက်ပနေခဲ့ကာ သူ၏ မျက်လုံးများ ပိတ်သွားပါက ညရောက်လာ၍ အားလုံးတို့သည် မှောင်မိုက်သွားခဲ့သည်။

ထိုအရာသည် ကျူးကျုံယင်တို့၏ အထူးစွမ်းရည် ဖြစ်သည်။ သူတို့၏ အထူး စွမ်းရည်များသည် သူတို့အား အချိန်ကာလ စီးဆင်းမှု၊ နေ့နှင့်ညတို့၏ ဖြတ်သန်းမှုတို့အား နားလည်နိုင်စေကာ အမတန်မှ ထူးခြား ဆန်းကြယ်လှသည်။

မြေနဂါးဘုရင်သည် သူ၏ အစစ်အမှန် ပုံစံအား တိုက်ရိုက် ဖော်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ လင်းလက်လာ၍ တောက်ပသော အလင်းတန်းများ ထွက်လာပြီး ရှီရှင်းယွမ်က သူ့အပေါ်၌ ချုပ်နှောင်ရန် ကြိုးစားနေခဲ့သော ဝေဝါးနေသည့် အလင်းတန်းနှင့် ထိတွေ့သွားခဲ့ရာ နှစ်ဘက်စလုံးတို့သည် ရေလှိုင်းများအလား ဂယက်ထသွားခဲ့သည်။

မီးခိုးဖြူရောင် အဖြစ်သို့ ပြောင်းသွားသော ကမ္ဘာသည် ဖြည်းဖြည်းချင်း မူလအရောင်သို့ ပြန်ပြောင်းလာသည်။ မြေနဂါးဘုရင်သည် သူ၏ လျင်မြန်မှုကို ပြန်ရခဲ့ကာ အသက်စွမ်းအင်များဖြင့် ပြန်ပြည့်လာ၍ နှေးကွေးလေးလံ မနေတော့ပေ။

သို့သော်လည်း ရှီရှင်းယွမ်ကြောင့် မြေနဂါးဘုရင်၏ လှုပ်ရှားမှုများသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ အခြားတစ်ဘက်တွင် ရှီထျန်းဟောင်သည် သူ၏ ဟွမ်စန်း ခန္ဓာကိုယ်နှင့် ယင်းယွမ် ခန္ဓာကိုယ်တို့အား အသုံးပြုကာ သူ၏ နတ်ဗိုလ်ချုပ် ၁၂ပါးနှင့် ကောင်းကင်ပေါ်မှ မြိုတော်တို့ကို အသက်သွင်း၍ အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတထံသို့ တိုက်ခိုက်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Où les histoires vivent. Découvrez maintenant