စာစဥ် ၆၀ : အပိုင်း ၅
အပိုင်း ၁၁၅၅ : ချောက်နက်အတွင်းသို့ ဆင်းသက်သွားသော တိုက်ပွဲ
လည်ပတ်နေသောလိပ် မဟာပဏ္ဍိတသည် သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သဖြင့် ဝမ်လင်းနှင့် ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွားတို့သည် မျက်မှောင်ကြုတ်လိုက်ကြကာ တစ်ဘက်သို့ လှည့်လိုက်ကြသည်။
ထိုနေရာတွင် ဘာဖြစ်နေသနည်း ဟူသည်ကို တွေ့လိုက်ရသောအခါ သူတို့၏ ရင်များက လေးလံသွားကြသည်။ နင်းဝမ်ကောသည် အတိုက်ခိုက် မခံနေခဲ့ရသော်လည်း သူမကလည်း လည်ပတ်နေသောလိပ် မဟာပဏ္ဍိတအား မတိုက်ခိုက်နေခဲ့ပေ။
သူမသည် ရောင်စုံအလင်းတန်းများဖြင့် လင်းလက်နေ၍ ဟင်းလင်းပြင် အတွင်းတွင် တစ်ယောက်တည်း ရှိနေခဲ့သည်။ ပတ်ဝန်းကျင်သည် ဖရိုဖရဲ ကမောက်ကမ ဖြစ်နေခဲ့သော်လည်း သူမ၏ မျက်လုံးများသည် ပို၍ပင် ကစဥ့်ကလျား ဖြစ်နေကာ စိတ်နှင့်လူနှင့် မကပ်သကဲ့သို့ အာရုံမစူးစိုက်နိုင်ခဲ့ပဲ တွေတွေကြီး ဖြစ်နေသည်။
ပိဖန်း မဟာပဏ္ဍိတနှင့် ပဏ္ဍိတ ၁၂ပါး လည်ပတ်နေသော ကောင်းကင်ဝင်္ကပါ၏ ပုံရိပ်တို့ ပေါ်လာပြီးကတည်းက သူမသည် တစ်ခုခု မှားနေသည့်ပုံ ပေါက်နေခဲ့ပြီး ထိုဝင်္ကပါ အတွင်းမှ ထွက်လာသော မိစ္ဆာစွမ်းအင်များကို အာရုံခံမိသည့်အခါ သူမ၏ စိတ်အခြေအနေက တည်ငြိမ်မှု ပျက်ပြားသွားကာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
မှော်ဝင်္ကပါသည် အပြည့်အဝ လည်ပတ်နိုင်သော အခါ သူသည် ခြားနားသော မိစ္ဆာမျိုးနွယ်စု လေးခုတို့၏ စွမ်းအားများကို အသုံးပြု၍ ထူးခြားဆန်းကြယ်သော အချိန်ကာလ လေဟာနယ် လည်ပတ်ခြင်း ဝင်္ကပါကို အသက်သွင်းတော့မည် ဖြစ်၏။
နင်းဝမ်ကောထံသို့ ရိုက်ခတ်လာသော စွမ်းအား လှိုင်းလုံးများကလည်း အထွတ်အထိပ်သို့ ရောက်သွားကာ သူမသည် ကပ်ဘေးများကို စတင် ရင်ဆိုင်နေပြီ ဖြစ်သော်လည်း သူမ၏ စိတ်အခြေအနေမှာ တည်ငြိမ်နိုင်တော့မည် မဟုတ်ချေ။
နင်းဝမ်ကောသည် ပုံရိပ်ရောင် မှော်ကျိန်စာများနှင့် အိမ်မက် ပညာရပ်များကို ကျွမ်းကျင်သူ ဖြစ်သည်။ သူမ၏ စိတ်ဝိညာဥ်နှင့် စိတ်စွမ်းအားတို့မှာ အဆင့်တူ အခြား ကျင့်ကြံသူများထက် များစွာပို၍ သန်မာ၏။ သူမသည် ဝမ်လင်း ထုတ်လွှတ်ထားသော အိမ်မက်ကမ္ဘာ အတွင်းတွင် အပိတ်နှောင်ခံခဲ့ရသော်လည်း နောက်ဆုံးမှသာ ထိန်းချုပ်မှု ကင်းလွတ်သွားခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...