၁၃၁၁-၁၃၁၂

268 19 0
                                    

စာစဥ် ၆၈ : အပိုင်း၁

အပိုင်း ၁၃၁၁ : ဂူဧကရာဇ်၏ မျိုးဆက်များ နတ်ဘုရားနယ်မြေ အတွင်းသို့ ပြန်လာခြင်း

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ကြီးမားစွာ တိုးတက် ကျယ်ပြန့်လာမှုသည် လင်းဖုန်း၏ မျှော်လင့်ချက်များ အတွင်း၌သာ ရှိသေးသည်။ ကမ္ဘာနှစ်ခု အကြားမှ စစ်ပွဲမှစ၍ ဂိုဏ်းသည် နတ်ဘုရားနယ်မြေ အတွင်းတွင် လွှမ်းမိုးမှု အဆင့် အသစ်တစ်ခုသို့ ရောက်သွားကာ ဂိုဏ်းအတွင်းမှ စည်းလုံးမှုများကလည်း တစ်ဆင့် တက်သွားခဲ့သည်။

အတွင်းနှင့် ပြင်ပမှ စွမ်းအားများသည် ဂိုဏ်းကို အရှေ့သို့ ရောက်အောင် တွန်းပို့နိုင်၍ တပည့် မျိုးဆက် အသစ်များနှင့် မျိုးဆက် အဟောင်းတို့ အားလုံးသည် စိတ်ဓာတ်များ တက်ကြွလျက် ရှိကြသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း တစ်ခုလုံးသည် သူတို့၏ တိုးတက်မှု အမြန်ဆုံး အချိန်သို့ ရောက်နေကာ သူတို့၏ စိတ်ဓာတ်များကလည်း အဆုံးမဲ့ မြင့်တက်နေသည်။

သို့သော်လည်း ဤကဲ့သို့သော အချိန်သည် ဂရုစိုက်ရန် အလိုဆုံး အချိန်ဖြစ်သည်။ သူတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေစေရန် အသေးစိတ် ဂရုစိုက်ရမည် ဖြစ်၍ လမ်းမမှားစေရန် သတိထားရမည် ဖြစ်သည်။

ကောင်းကင်ပေါ်မှ တိမ်တိုက်များ အတွင်းသို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် တက်သွားလျှင် အချိန်တိုအတွင်းတွင် မမျှော်လင့်ထားသော ပြဿနာများ ပေါ်လာနိုင်ပြီး အသူရာချောက်နက်၏ အောက်ခြေသို့ ပြန်ရောက်သွားနိုင်သည်။

တင်းကျပ်စွာဖြင့် စစ်ဆေးပြီး ဆက်ခံသူ အရေအတွက်ကို ကန့်သတ် ရွေးချယ်ခြင်းဖြင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ချဲ့ထွင်နေသော အချိန်ကာလသို့ ရောက်နေသော်လည်း သူတို့၏ အရည်အသွေးများကို နိမ့်ကျစေမည် မဟုတ်ချေ။

သူတို့သည် အခွင့်အရေး သမားများကို ရှောင်ရှား၍ အနာဂတ်တွင် ပြဿနာများကို ယူဆောင်လာနိုင်သော လူဆိုးများကို ကာကွယ်ရမည် ဖြစ်သည်။

ဂိုဏ်းအတွင်းတွင် ရှိနေပြီးဖြစ်သော တပည့်များ၏ စိတ်ဓာတ်များ ပြောင်းလဲသွားခြင်းကိုမူ ထိန်းချုပ်ရခက်ပြီး အသေအချာ သတိထားရန် လိုအပ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now