အပိုင်း ၁၄၂၆ : လင်းဖုန်း စင်စစ် ဖြစ်တည်မှု လမ်းစဥ်ကို ရရှိခြင်း

224 23 0
                                    

စာစဥ် ၇၃ : အပိုင်း ၁၆

အပိုင်း ၁၄၂၆ : လင်းဖုန်း စင်စစ် ဖြစ်တည်မှု လမ်းစဥ်ကို ရရှိခြင်း

အန္တိမ ကောင်းကင်ကြေးမုံ၏ အလင်းရောင် အောက်တွင် ကောင်းကင် အကာအကွယ်ထီး၏ ချိုးဖောက်၍ မရနိုင်သော ခံစစ်နှင့် အဆုံးမဲ့ဟု ထင်နေရသော ကစဥ့်ကလျား လောကကပင် ရပ်တန့်သွား၍ သူ၏ ထူးခြား ဆန်းကြယ်သော အရည်အသွေးများကို ဆုံးရှုံးသွားခဲ့သည်။

ဟင်းလင်းပြင် ဘုရားကျောင်း အပြင် ကျန်သော ထိပ်သီး ပုဂ္ဂိုလ်များသည် အတူတကွ စုစည်းကာ ကောင်းကင် အကာအကွယ်ထီး အောက်မှ လင်းဖုန်းနှင့် ကျန်သောသူများ အပေါ်သို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

မျောက်၏ ယခင်မှ အပူအပင် ကင်းမဲ့နေသည့် အမူအရာသည် ပျောက်ကွယ်သွားသည်။ သူသည် ကြောက်ရွံ့မှု အရိပ်အယောင်များကို မဖော်ပြခဲ့သော်လည်း ယခင်ကထက် စာလျှင် များစွာ လေးနက်နေ၍ သူ၏ မျက်လုံးများထံမှ တွေ့ရခဲသော ချီတုံချတုံ ဖြစ်မှုများကို ထုတ်လွှတ်နေသည်။

သူသည် ကျန်သောသူများနှင့် ပူးပေါင်းကာ လင်းဖုန်းအား မတိုက်ခိုက်ခဲ့ပဲ သူ၏ အကြည့်သည် လင်းဖုန်းနှင့် စကြာဝဠာ စကျင်ဗုဒ္ဓတို့ အကြားတွင် ခေါက်တုံ့ပြန်နေ၍ မသက်မသာ ဖြစ်နေပြီး ချီတုံချတုံ ဖြစ်နေသည်မှာ သိသာနေသည်။ သူ့အား ရွှေပုစဥ်း ဆရာတော်ကို နှစ်ပေါင်းများစွာ ရှာမတွေ့နိုင်ရန် တားဆီးထားခဲ့သည်မှာ စကြာဝဠာ စကျင်ဗုဒ္ဓပင် ဖြစ်သည်။

စကြာဝဠာ စကျင်ဗုဒ္ဓသည် သူ၏ စွမ်းအား အစစ်အမှန်ကို မထုတ်ဖော်ခဲ့သေးသော်လည်း မျောက်သည် သူ့ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို အာရုံခံနိုင်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော အချိန်က များစွာပို၍ သန်မာသော အဆုံးစွန် ဧကရာဇ်အား အာခံခဲ့သေးသဖြင့် ဤအရာသည် သူ၏ တွန့်ဆုတ်နေရမှု၏ အကြောင်းရင်း မဟုတ်ချေ။

အကယ်၍ လင်းဖုန်းသည် ဝိညာဥ်ပင်လယ်အား ထိန်းချုပ်နိုင်ခဲ့ပါက မူလကောင်းကင် ကမ္ဘာ အတွင်းမှ စွမ်းအားမျှခြေသည် သေချာပေါက် အကြီးအကျယ် ပြောင်းလဲသွားပေမည်။ သို့သော်လည်း သူသည် ကျန်သောသူများနှင့် ပူးပေါင်းကာ လင်းဖုန်းအား မတိုက်ခိုက်နေလိုပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now