စာစဥ် ၆၂ : အပိုင်း ၉
အပိုင်း ၁၂၀၉ : ယင်နှင့်ယန်အား ခွဲခြားသည့် ဓားတစ်ချောင်း
ကွမ်းချုံ ဓားမာစတာသည် ပိန်ပိန်ပါးပါးနှင့် အာဟာရ ပြတ်နေကာ လွန်ခဲ့သော နှစ်ပေါင်းများစွာကထက် များစွာပို၍ အားနည်းနေသည့်ပုံ ပေါက်နေသည်။ သူ၏ မျက်နှာသည် ရွံ့ကဲ့သို့ ဝါထိန်နေကာ သူ၏ မျက်လုံးအိမ်များမှာ ရွေ့လျားနေသည်ပုံ ပေါက်မနေချေ။ သူ၏ မျက်လုံးများ အတွင်း၌ အသက်စွမ်းအင် တစ်စက်မှ ရှိမနေပဲ သူ၏ တစ်ကိုယ်လုံးသည် ရွံ့ရုပ်ထုနှင့်ပင် တူနေ၏။
လင်းဖုန်းသည် ကောင်းကင်လှည်း တောင်ထိပ် ဓားအစည်းအဝေးတွင် သူ၏ စင်စင် ဖြစ်တည်မှုအား ခြေမွခဲ့သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲအတွင်း၌ ရှောင်ယန်၏ လက်အတွင်းတွင် သူ၏အသက် ဆုံးရှုံးတော့မည်ကဲ့သို့ ဖြစ်သွား၏။ သူသည် စူတောင်ပေါ်တွင် ဒဏ်ရာများကို ကုစားနေခဲ့သော်လည်း သူ၏ ဓားနှလုံးသားမှာ ကြေမွသွားခဲ့သည်။
ဤကဲ့သို့သော ကံမကောင်းသည့် အဖြစ်အပျက်များသည် စူတောင်၏ ဓားလမ်းစဥ် ခြောက်သွယ်မှ စီနီယာ အကျဆုံး ခေါင်းဆောင်အား ကြီးမားစွာသော ဆုံးရှုံးမှုများကို ခံစားစေခဲ့သည်။
ယနေ့တွင် သူ၏ ဓားနှလုံးသားကို ပြန်လည် ဖန်ဆင်းနိုင်ခဲ့ကာ ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သော်လည်း သူ၏ တစ်သက်လုံး စင်စင် ဖြစ်တည်မှုအား ပြန်လည် ဖန်ဆင်းနိုင်မည် မဟုတ်တော့ပဲ အင်မော်တယ်ဝိညာဥ် ပထမ အဆင့်ဖြင့်သာ တစ်သက်လုံး နေသွားရတော့မည် ဖြစ်သည်။
ကွမ်းချုံ ဓားမာစတာသည် အသက်စွမ်းအင်များ ကုန်ဆုံးသွားသကဲ့သို့ စိတ်ဓာတ်ကျနေသည့်ပုံ ပေါက်နေသော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အလွန်အမင်း အန္တရာယ်များသော အော်ရာတစ်ခု ထွက်နေသည်။
သူ၏အကြည့်သည် လော်ချင်းဝူ၏ ခန္ဓာကိုယ် အပေါ်တွင် ကျရောက်သွားသော အခါ ကြောက်မက်ဖွယ်ရာ မျက်လုံးများသည် နောက်ဆုံးတွင် လှုပ်ရှားလာ၍ တုန်လှုပ်ဖွယ်ရာ ဓားဆန္ဒသည် ထက်မြက်လှစွာဖြင့် သူ၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်လာသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...