အပိုင်း ၁၄၃၉ : မရှင်းလင်းသော လုပ်ဆောင်ချက်

165 19 0
                                    

စာစဥ် ၇၄ : အပိုင်း ၉

အပိုင်း ၁၄၃၉ : မရှင်းလင်းသော လုပ်ဆောင်ချက်

ဤတုန်ခါမှုသည် ကောင်းကင်မွေးဖွား သူတော်စင်ကိုပင် အံ့အားသင့်စေခဲ့ကာ ပိုင်ယွင်တောင်ဘက်သို့ ကြည့်နေရင်း သူ၏ အကြည့်သည် အံ့အားသင့်မှု၊ ရှုပ်ထွေးမှုများဖြင့် ပြည့်နေခဲ့သည်။

ချူးယန်နှင့် တန်ကျွင်းကလည်း အလားတူပင် ဖြစ်သည်။ ပြီးတာနှင့် သူတို့သည် လော်ချင်းဝူ၏ အမူအရာသည် အနည်းငယ် ထူးခြားနေသည်ကို တွေ့လိုက်ရသည်။

"တာအိုရောင်းရင်းလော်…" ချူးယန်က အနည်းငယ် ချီတုံချတုံ ဖြစ်သွား အပြီးတွင် ပြောလိုက်သည်။ လော်ချင်းဝူသည် သက်ပြင်း အရှည်ကြီး တစ်ချက် ချကာ ပြောလိုက်သည်။ "ပိုင်ယွင်တောင်မှာသာ မကပဲ မဟာလွင်တီးခေါင် ကုန်းမြေမှာ ထကြွ လှုပ်ရှားမှုတွေ ဖြစ်နေတယ်… ဒီအဖြစ် နှစ်ခုဟာ ဆက်စပ်နေပြီး တိုက်ဆိုင်မှု သက်သက် မဟုတ်ဘူး"

ချူးယန်နှင့် တန်ကျွင်းတို့ နှစ်ယောက်စလုံးက မျက်မှောင်ကြုတ်လိုက်၍ လော်ချင်းဝူက သူမကိုယ် သူမ တွေးလိုက်သည်။ "ဒါက ဆရာ ပြောထားတဲ့ အရာပဲ… ဒါပေမဲ့ ဘာဖြစ်လို့…"

သူမသည် ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ကာ ချူးယန်နှင့် တန်ကျွင်းတို့အား ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီအဖြစ်အပျက်တွေက ဂျူနီယာ ထျန်းကျင်းက ဟင်းလင်းပြင် ဘုရားကျောင်းက ကျင့်ကြံသူ ချန်းရှင်းယုကို သုတ်သင်ခဲ့တဲ့ အတွက် ဖြစ်ပေါ်လာတာပဲ"

"ဘာ" ချူးယန်နှင့် တန်ကျွင်းတို့သည် ဤအရာကို ကြားခဲ့ရသော အခါ အံ့ဩ တုန်လှုပ်သွားကြကာ အာမေဋိတ်သံများ ပြုလိုက်ကြသည်။

သူတို့ နှစ်ယောက်စလုံးသည် တည်ငြိမ်၍ ဆုံးဖြတ်ချက် ပြတ်သားသူများ ဖြစ်ကာ တော်ရုံတန်ရုံ ကိစ္စများကို ဂရုစိုက်ကြသူများ မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် သူတို့သည် သူတို့ ကြားခဲ့ရသော အရာ အပေါ်၌ အံ့ဩ မှင်သက်နေကြသည်။

လော်ချင်းဝူ ပြောခဲ့သော ဂျူနီယာ ထျန်းကျင်း ဆိုသည်မှာ သူတို့ နှစ်ယောက်စလုံးနှင့် ရင်းနှီး ကျွမ်းဝင်သော ကျိုးယွင်ချုံးပင် ဖြစ်သည်။ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဒုတိယ မျိုးဆက် အတွင်း၌ တန်ကျွင်းကဲ့သို့ နာမည်ကြီးသူ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Wo Geschichten leben. Entdecke jetzt