စာစဥ် ၇၄ : အပိုင်း ၁
အပိုင်း ၁၄၃၁ : တစ်ကိုယ်တော် ပြပွဲ
ခမ်းနားထည်ဝါသော ထာဝရ ကပ်ဘေး အလင်းတန်းများ ဖြတ်သန်းလာသည့် နေရာတစ်လျှောက်တွင် ခရမ်းရောင်နှင့် အနက်ရောင် နတ်ဘုရား ပုံစံများသည် စတင်၍ အဆက်မပြတ် ပြိုကွဲသွားသည်။
ဝိညာဥ်ပင်လယ် ဒိုင်မန်းရှင်းကလည်း ဤဖြစ်စဥ် အတွင်းတွင် ဖြည်းဖြည်းချင်း ပျက်သုဥ်းသွား၍ ဤမြင်ကွင်းသည် အလွန်တရာမှ ဝမ်းနည်းဖွယ် ကောင်းလှသည်။ အကယ်၍ ဤမဟာတိုက်ပွဲသည် ဝိညာဥ်ပင်လယ် အတွင်းတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ပါက ပျက်စီးမှုများသည် မည်သည့် အဆင့်သို့ ရောက်သွားမည်ကို ခန့်မှန်း၍ ရနိုင်တော့မည် မဟုတ်ချေ။
တီးတိုး ညည်းတွားသံနှင့် အတူ ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် ရှုံးနိမ့်သွား၍ အနောက်သို့ ဆုတ်သွားခဲ့ရသည်။ ဟင်းလင်းပြင် အတွင်းတွင် လင်းလက်နေသော အနက်ရောင် အလင်းစက်များသာ ကျန်နေခဲ့၍ သူတို့သည် ဒဏ်ရာမှ ထွက်လာသော သွေးများနှင့် တူနေပေသည်။
တိုက်ပွဲ၏ အခြားတစ်ဘက်တွင် စကြာဝဠာ စကျင်ဗုဒ္ဓကလည်း လင်းဖုန်း၏ တိုက်ခိုက်မှုများကို ခံနေရသည်။
လင်းဖုန်းသည် သူ့အား လက်သီးဖြင့် ထိုးလိုက်ရာ ကြီးမားလှသည့် ဤခွန်အားအောက်တွင် နဂါးငွေ့တန်းကပင် ပြိုကွဲသွားသည်ဟု ထင်နေရ၍ မရေမတွက်နိုင်သော တာရာနက္ခတ်များသည် သူတို့၏ မူလ ပတ်လမ်းများမှ ရွှေ့ပြောင်းသွားခဲ့သည်။
မရေမတွက်နိုင်သော ကြယ်စင်များသည် အချင်းချင်း တိုက်မိကြပြီး အလင်းတန်း အရိပ် အတွင်းတွင် ကြေမွကုန်ကြသည်။ ဤမြင်ကွင်းသည် အစောပိုင်းမှ လင်းဖုန်းနှင့် မျောက်တို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲထက်ပင် ပို၍ ရင်သပ်ရှုမောဖွယ် ကောင်းနေပေသည်။
ထိုအချိန်တွင် လင်းဖုန်း၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားသည် သူ၏ကိုယ်ပိုင် အသွေးအသား ရှိနေသည်နှင့် တူနေသည်။ သို့သော်လည်း သူ့အတွင်းတွင် ပိုင်ဆိုင်ထားသော သွေးစွမ်းအားများသည် အသက်ရှူမှားလောက်အောင် အစွမ်းထက်လှသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...