အပိုင်း ၁၄၈၃ : အသစ်စက်စက် ခေတ်သစ်တစ်ခု

310 19 0
                                    

စာစဥ် ၇၆ : အပိုင်း ၁၃

အပိုင်း ၁၄၈၃ : အသစ်စက်စက် ခေတ်သစ်တစ်ခု

ကြယ်စင်ပင်လယ် ဝင်ပေါက်အား ပြန်လည် ဖွဲ့စည်းခဲ့သော အချိန်တွင် စကြာဝဠာနှင့် ကြယ်စင်များသည် ကစဥ့်ကလျား ဖြစ်သွားကြကာ ကြယ်ကြွေမှုများသည် လွင်တီးခေါင် စကြာဝဠာ တစ်ခုလုံးအား ဖျက်ဆီးခဲ့၍ ဟင်းလင်းပြင် အတွင်းရှိ ကမ္ဘာအားလုံးတို့ အပေါ်၌ အကျိုးသက်ရောက်မှု ရှိခဲ့သည်။

ဤအချိန်တွင် မဟာကမ္ဘာ တစ်ခုလုံးက တုန်ခါသွားသော်လည်း စကြာဝဠာနှင့် မရေမတွက်နိုင်သော ကြယ်စင်များက ပြန်လည် တည်ငြိမ်လာခဲ့သည်။

ဤအရာသည် အကြွင်းမဲ့ ငြိမ်သက် အေးချမ်းမှု ဖြစ်သည်။ ကောင်းကင်အတွင်းမှ ကြယ်များသည် ဤအချိန်၌ ရွေ့လျားနေခြင်း မရှိတော့ပဲ အရာအားလုံးတို့က ရပ်တန့်သွားကြပြီး ကြယ်အလင်းတန်း များကလည်း မှေးမှိန် လွင့်ပြယ်ကုန်ကြသည်။

ကောင်းကင်အတွင်းမှ ကြယ်များ၏ သဘာဝ လှုပ်ရှားမှုများသည် အလွန်ကြီးမားသော စွမ်းအားများကို သယ်ဆောင်ထားသဖြင့် သူ့အား ရွေ့လျားစေရန် လုပ်ဆောင်ရခြင်းသည် မစွမ်းဆောင်နိုင်လောက်သော တာဝန်တစ်ခု ဖြစ်သည်။ 

သို့သော်လည်း ဤအချိန်၌ ကြယ်စင် တစ်ခုချင်းသည် အေးခဲသွားသကဲ့သို့ ဖြစ်နေပြီး ဤကဲ့သို့ ရွေ့လျားမှု မရှိခြင်းနှင့် သူမှ ထွက်လာသော စွမ်းအားများသည် သူတို့အား ရွေ့လျားအောင် ပြုလုပ်ရခြင်းထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။

လင်းဖုန်းသည် နောက်ကွယ်မှနေ၍ သူ၏ လက်ဝါးအစုံကို စုစည်းလိုက်သည်နှင့် နတ်ဘုရား နယ်မြေနှင့် မဟာလွင်တီးခေါင် ကုန်းမြေတို့သည် အဆက်မပြတ် တုန်ခါနေရင်း စတင်၍ တွန်လိမ် ပြောင်းလဲလာခဲ့သည်။

မဟာကမ္ဘာ အတွင်းမှ အားလုံးတို့သည် ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် စောင့်ကြည့်နေကြပြီး ကမ္ဘာတစ်ခုလုံးသည် သူ့ကိုယ်သူ လည်ပတ်နေခဲ့သကဲ့သို့ ပြောင်းလဲနေခဲ့သည်။

ကောင်းကင်သည် ကောင်းကင် မဟုတ်တော့ပဲ မြေပြင်သည် မြေပြင် မဟုတ်နေတော့ပေ။ သမုဒ္ဒရာများက ကွဲဟ ကျိုးပျက်သွားကြကာ နေမင်းနှင့် ကြယ်စင်များက ပျောက်ကွယ်သွားကြသည်။ ပြင်းထန်လှသော လေပြင်းများ စတင်၍ အစပြုလာကာ သန်းနှင့်ချီသော လေဆင်နှာမောင်းများက ကမ္ဘာတစ်လျှောက် တိုက်ခတ်နေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now