စာစဥ် ၇၄ : အပိုင်း ၆
အပိုင်း ၁၄၃၆ : ဆုံးဖြတ်ချက် မှားသွားခြင်း
ကောင်းကင်မွေးဖွား သူတော်စင်၏ ပုံရိပ်သည် လင်းလက်လာ၍ ပိုင်ယွင်တောင်၏ အတွင်းပိုင်းသို့ ဝင်သွားခဲ့ပြီး ချက်ချင်းပင် အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။ တောင်ထိပ်အပေါ်ရှိ အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါ အတွင်းမှ ကောင်းဟန်နှင့် ကျန်သောသူများသည် မျက်မှောင်များကို ကြုတ်လိုက်ကြသော်လည်း မတုန်လှုပ်သွားကြပေ။ ထို့အစား သူတို့သည် ဝင်္ကပါ တစ်ခုလုံးကိုသာ တည်ငြိမ်အောင် ထိန်းချုပ်နေခဲ့သည်။
ဝင်္ကပါသည် အပြည့်အဝ ဆက်လက် လည်ပတ်နေသေးသော်လည်း စတင်၍ ကျုံ့ဝင်လာကာ ထူထဲ သိပ်သည်းသော တိမ်တိုက်တစ်ခု အဖြစ်သို့ ပြောင်းသွားပြီး ပိုင်ယွင်တောင်အား ထပ်ဖန်တစ်ခါ လွှမ်းခြုံသွား၍ ပြင်ပကမ္ဘာထံမှ ဖုံးကွယ်ထားခဲ့သည်။
တောင်၏ ပြင်ပတွင် လော်ချင်းဝူနှင့် တန်ကျွင်းတို့သည် အဖြူရောင် တိမ်တိုက်များ အကြားတွင် မှော်ကျိန်စာ အရှိန်အဝါများ အဆက်မပြတ် ထိုးတက်လာသကဲ့သို့ ရွှေရောင် အလင်းတန်း တစ်ခုက ရံဖန်ရံခါ လင်းလက်လာသည်ကို တွေ့နိုင်ခဲ့သည်။
မဟာကမ္ဘာ အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များသည် အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါ ထံသို့ အစုပ်ယူခံခဲ့ရ၍ ဤနေရာသို့ စုစည်းလာကြသည်။
ဤအခြေအနေက ပိုကြာလာလေလေ ကောင်းကင်မွေးဖွား သူတော်စင်က အရေးမလှ ဖြစ်လာလေလေ ဖြစ်မည်ကို သိနေခဲ့သဖြင့် တန်ကျွင်း၏ အကြည့်သည် ပြောင်းလဲသွားသည်။ ဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီးတို့ထံမှ စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိသဖြင့် သူ၏ စွမ်းအား အထောက်အပံ့များသည် အကန့်အသတ်မဲ့နေသည်။
ထို့အပြင် ဝင်္ကပါ၏ ဟင်းလင်းပြင် ကာကွယ်ခြင်း မှော်ကျိန်စာသည် အလွန်အမင်း အစွမ်းထက်လှသဖြင့် ကောင်းကင်မွေးဖွား သူတော်စင်ကဲ့သို့ အစွမ်းထက်သည့် ကျင့်ကြံသူကပင် ပြင်ပကမ္ဘာမှ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူနိုင်စွမ်း မရှိတော့ပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...