စာစဥ် ၇၀ : အပိုင်း ၅
အပိုင်း ၁၃၅၅ : မင်းက လက်သည်းတစ်ဘက်တောင် ထုတ်လိုမရဘူး
မဟူရာ ပင်လယ်၏ စွမ်းအားများကို ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ယူဆောင်လာခဲ့သော အခါ ရှန်နဂါးဘုရင်၏ နဖူးတွင် ထူးခြားသော ပုံစံများဖြင့် လင်းလက်လာသည်။ သူ၏ တစ်ကိုယ်လုံးတွင် ရွှေရောင် အလင်းတန်းများဖြင့် တောက်ပလာ၍ သူသည် ရွှေရောင် အလင်းတန်းများဖြင့် ပြောင်းသွားပြီး ကောင်းကင်အား ထိုးဖောက်ကာ မြေနဂါးဘုရင်ထံသို့ သွားခဲ့လိုက်သည်။
ဇူရီ၏ တိုက်ခိုက်မှုများသည် သူ၏ ခန္ဓာကိုယ် အပေါ်သို့ ကျရောက်လာ၍ ရွှေရောင်အလင်းတန်းသည် ကျိုးပျက်လုနီးပါးအထိ မှေးမှိန်သွားသည်။ နဂါး အကြေးခွံများသည် ကောင်းကင်အပေါ်တွင် ပျံသန်းလာ၍ နဂါးသွေးများသည် ဟင်းလင်းပြင် အတွင်းမှနေ၍ ကျဆင်းလာခဲ့သည်။
ရှန်နဂါးဘုရင်သည် ဇူရီ၏ ရိုက်ချက်ကို သူ၏အံကို ကြိတ်၍ တိုက်ရိုက် ခံယူလိုက်ပြီးနောက်တွင် မြေနဂါးဘုရင်နှင့် ရှီထျန်းဟောင်တို့၏ တိုက်ပွဲအနားသို့ ရောက်လာခဲ့သည်။
ရှီထျန်းဟောင်သည် လုံးဝ ကြောက်ရွံ့မှု မရှိခဲ့ပဲ သူ၏ ယင်းယွမ် ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်မှ မြို့တော်နှင့် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့အား ထိန်းချုပ်နေ၍ ဝင်ရိုးစွန်းနှစ်ဘက် ပြောင်းပြန်လှန်ခြင်း၏ စွမ်းအားများကို ထုတ်လွှတ်ကာ လှုပ်ရှားနေသော အသက်စွမ်းအင်များကို လွင်တီးခေါင်ကျမှုများ အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ရှန်နဂါးဘုရင်သည် ထိုအရာကို တိုက်ခိုက်ရန် မကြိုးစားခဲ့ပဲ ရှီထျန်းဟောင်၏ ရိုက်ချက်ကို ထပ်မံ ခံယူလိုက်ကာ အတားအဆီးများကို ချိုးဖောက်၍ မြေနဂါးဘုရင်၏ ဘေးသို့ ရောက်လာခဲ့သည်။
ဇူရီနှင့် ဟီဂန် ရွှေရောင်တံတားတို့က သူ၏အနောက်မှနေ၍ လိုက်ပါလာသည်။ သူ၏ စင်စစ် ဖြစ်တည်မှုသည် ဧရာမ ဘီလူးကြီးတစ်ကောင် အဖြစ် ဟီဂန် ရွှေရောင်တံတားနှင့် ပေါင်းစည်းနေ၍ သူ၏လက်အား ဆန့်တန်းကာ ရှန်နဂါးဘုရင်၏ အမြီးအား ဆုပ်ကိုင်လိုက်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...