စာစဥ် ၇၃ : အပိုင်း ၁၅
အပိုင်း ၁၄၂၅ : အန္တိမ ကောင်းကင်ကြေးမုံ၏ အစစ်အမှန် ပုံစံ
အားလုံးတို့သည် လင်းဖုန်း၏ ဝိညာဥ်ပင်လယ် ကျင့်ကြံမှု အပေါ်မှ တိုးတက်မှုနှင့် အန္တိမ ကောင်းကင်ကြေးမုံ၏ ပြန်လည် သက်သာလာသည့် အမြန်နှုန်း အပေါ်တွင် အာရုံများ စိုက်ထားကြသည်။
မူလရွှေခွက် အပေါ်တွင် တစ်ချိန်လုံး မျက်စိမှိတ်ကာ တရားထိုင်နေသော လင်းဖုန်းသည် နောက်ဆုံးတွင် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ အကြည့်သည် အဆုံးမဲ့ အလင်းတန်းများဖြင့် လင်းလက်လာခဲ့သည်။
လင်းဖုန်း၏ မျက်လုံးများ အတွင်းသို့ ကြည့်လိုက်သော အခါ တစ်ယောက်သည် ကြမ္မာပန်းတိုင် ကမ္ဘာ၏ ဖန်ဆင်းခြင်းမှသည် ပျက်သုဥ်းခြင်း၊ ထိုမှတဆင့် ပြန်လည် မွေးဖွားကာ နောက်ထပ် ဖန်ဆင်းခြင်း စသော အဆုံးမဲ့ ခရီးကို မြင်နိုင်ခဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။
ဝိညာဥ်ပင်လယ် ထံမှ ပေါက်ကွဲထွက်လာသော အလင်းတန်းများသည် လင်းဖုန်း၏ ခန္ဓာကိုယ် အပေါ်သို့ ကျဆင်းလာကြကာ သူ့အား ထွင်းဖောက်မြင်နိုင်သကဲ့သို့ ဖြစ်နေသော တောက်ပလှသည့် အလင်းတန်း တစ်ခုဖြင့် လွှမ်းခြုံသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ တည်ရှိနေမှုအား ဝိညာဥ်ပင်လယ်၏ မရေမတွက်နိုင်သော အလင်းတန်းများ၏ စုစည်းမှုဖြင့်သာ ဖော်ပြနေခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် လျှို့ဝှက်ချက်များ မရှိတော့သကဲ့သို့ ဖြစ်နေသော်လည်း လုံးဝ နားမလည်နိုင်ပဲ ဖော်ပြ၍ မရနိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
လင်းဖုန်း၏ အသိစိတ် ပင်လယ် အတွင်းတွင် ဧရာမ ထိုက်ကျိရုပ်ပုံ တစ်ခုက အနှောင့်အယှက် မရှိ လည်ပတ်နေသည်ကို တစ်ယောက်ကမှ မသိနိုင်ကြပေ။ ထိုထိုက်ကျိရုပ်ပုံ၏ အပေါ်တွင် နောက်ထပ် နတ်ဘုရား မူလ အစစ်အမှတ် စိတ်ဝိညာဥ် ပုံစံ တစ်ခုက သူ၏ အကျိုးသက်ရောက်မှုများကို ဖော်ပြနေသည်။
ထိုနတ်ဘုရား မူလ အစစ်အမှတ် စိတ်ဝိညာဥ် ပုံစံသည် ရုတ်တရက်ပင် အပိုင်းနှစ်ပိုင်း အဖြစ်သို့ ပြောင်းသွား၍ အဖြူနှင့် အနက်ရောင် အလင်းတန်း နှစ်ခု အဖြစ်သို့ ပြောင်းသွားသည်။ အဖြူနှင့် အနက်ရောင် အလင်းတန်း နှစ်တန်းစလုံးတို့သည် လင်းဖုန်း၏ အသိစိတ် ပင်လယ် အတွင်းမှ လေဟာနယ်အား ထိန်လင်းစေခဲ့ကာ အောက်ဘက်ရှိ ထိုက်ကျိရုပ်ပုံမှ အလင်းရောင်အား ရောင်ပြန်ဟပ်စေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...