စာစဥ် ၅၈ : အပိုင်း ၁၇
အပိုင်း ၁၁၂၇ : ယုကျင်းတောင်က လင်းယွမ်တောင်အား ဖိခြေခြင်း
ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ၏ ဘေးတွင် သူ့ထက် အနည်းငယ် ငယ်နေသော်လည်း တောင်ကုန်းငယ် တစ်ခုအလား ကြီးမားနေသေးသည့် နောက်ထပ် ဧရာမ လူဝံတစ်ကောင်က ပေါ်လာပြန်သည်။
ထိုလူဝံတွင် အဖြူရောင်ခေါင်းနှင့် အနီရောင် ခြေထောက်ရှိနေပြီး သူ၏ တစ်ကိုယ်လုံးမှာ ဖြူဖွေးနေ၍ ခြေလက်များသည် မီးတောက်များနှင့် တောက်လောင်နေသကဲ့သို့ ဖြစ်နေသည်။ သူ့တွင် အစိမ်းရောင် အလင်းတန်းများဖြင့် လင်းလက်နေသည့် နီရဲနေသော မျက်လုံးအစုံရှိနေသည်။ သူသည် နီရဲသော ဂေါ်ရီလာ မျိုးနွယ်စုတို့၏ ခေါင်းဆောင် နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတ ဖြစ်သည်။
ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် အတူ ရပ်နေရင်း နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတသည် သူတို့၏ ခေါင်းပေါ်မှ အဆုံးမဲ့ ခရမ်းရောင် တိမ်တိုက်ပင်လယ်အား စိုက်ကြည့်နေသည်။
ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတက တိုးညင်းစွာဖြင့် ပြောလိုက်သည်။ "မင်းက စူတောင်ကို သွားဖို့ မလိုတော့ဘူး… ဒီအချိန်မှာ လင်းဖုန်းက ကောင်းကင်ကျက်သရေနဲ့ ရွှေရောင် နတ်ငှက်တို့ အနောက်ကို မလိုက်ပဲ ငါတို့ကို ပစ်မှတ်ထားခဲ့တယ်"
နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတ၏ နှုတ်ခမ်းများက တွန့်သွားကာ ပြောလိုက်သည်။ "ငါ့ရဲ့ မျိုးနွယ်စုက နှေးလွန်းတယ်… မဟုတ်ရင် ငါတို့က ထွက်ခွာသွားပြီး ဖြစ်နေလိမ့်မယ်"
"ဟင်" ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတက သူ၏ခေါင်းကို လှည့်၍ သူ့အားကြည့်လိုက်သည်။ နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတက ရယ်ရမ်းသွေးလိုက်၏။
"ငါတို့ အထဲက တစ်ယောက်သာ ရှိနေရင် လင်းဖုန်းက လင်းယွမ်တောင်တန်းတွေ အတွင်းကို ကျူးကျော် ဝင်ရောက်လာဖို့က အမတန်မှ ခက်ခဲတယ်… တကယ်လို့ သူ့ရဲ့ဓားကို ချိပ်ဖြည်လိုက်ရင် အခွင့်အရေး ရှိနိုင်တယ်… ဒါပေမဲ့ အနိုင်ရသူကို ဆုံးဖြတ်ဖို့ အချိန် ယူရလိမ့်မယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...