စာစဥ် ၇၆ : အပိုင်း ၃
အပိုင်း ၁၄၇၃ : ရလဒ်သည် လုံးဝ မပြောင်းပဲ တိုးတက်မှုသည် တားဆီး၍ မရနိုင်ပေ
လင်းဖုန်းက ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာအား အသုံးပြုခဲ့သော အခါ ထိုက်ရီသူတော်စင်နှင့် ကျန်သောသူများသည် သက်ပြင်းသာ ချနိုင်ခဲ့ကြသည်။
လင်းဖုန်းသည် မဟာကမ္ဘာအား သူ၏ ဓားဖြင့် ခုတ်ဖြတ်ခဲ့၍ ယခုအချိန်တွင် ပြန်လည် ပြုပြင်ပေးနေခဲ့သည်။ ဤကဲ့သို့သော စွမ်းအားသည် အံ့ဩ မှင်သက်ဖွယ်ရာ ကောင်းလှပေသည်။
မဟာဟင်းလင်းပြင် သူတော်စင်သည် ဤမြင်ကွင်းအား တည်ငြိမ်စွာဖြင့် ကြည့်နေရင်း အန္တိမ ကောင်းကင်ကြေးမုံအား ညွှန်ပြလိုက်ရာ ထူးခြားဆန်းကြယ်သော ကြေးမုံ အလင်းတန်းများ နေရာအနှံ့သို့ ဆန့်တန်းသွားပြီး မဟာကမ္ဘာ အပေါ်သို့ ကျဆင်းလာကြသည်။ ကြေးမုံ အလင်းတန်းများသည် ကမ္ဘာအပေါ်သို့ ကျဆင်းလာသော အခါ ကြီးမားလှသည် ကမ္ဘာကြီး အပေါ်မှ အက်ကွဲကြောင်းများသည် ပို၍ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာကြသည်။
သကျမုနိကလည်း သူ၏ လက်ဝါးအစုံအား အတူတကွ စုစည်းလိုက်ရာ အဆုံးမဲ့ အလင်းတန်းများသည် ကောင်းကင်နှင့် မြေကြီးတို့ အတွင်းသို့ စိမ့်ဝင်သွား၍ မိုးများအဖြစ်သို့ ပြောင်းသွားကြကာ လူသားကမ္ဘာ အပေါ်သို့ ရွာကျလာကြသည်။
အကယ်၍ ဤအက်ကွဲကြောင်းများသည် ကမ္ဘာဦးခေတ် အဆုံးသတ်ကကဲ့သို့ အပြီးသတ်သွားပါက ပို၍ လုံ့လစိုက်ရမည် ဖြစ်သော်လည်း ဤအချိန်တွင် အက်ကွဲကြောင်းများက မတည်မငြိမ် ဖြစ်နေကြသေးသဖြင့် လင်းဖုန်း၊ မဟာဟင်းလင်းပြင် သူတော်စင်နှင့် သကျမုနိတို့သည် သူတို့၏ စွမ်းအားများကို အသုံးပြု၍ တည်ငြိမ်အောင် လုပ်ခဲ့ရာ အချိန်သည် အနောက်သို့ ပြန်လှည့်သွားသည့် အတိုင်း အက်ကွဲကြောင်းများက ပြန်၍ ပိတ်လာကြသည်။
သို့သော်လည်း ကောင်းကင်နှင့် မြေကြီးတို့၏ နယ်နိမိတ်များ အကြားတွင် ထူးခြား ဆန်းကြယ်သော ဖြစ်စဥ်များ ဖြစ်ပေါ်လာကြသည်။ ပုံရိပ်ယောင် တံခါးများသည် ကောင်းကင်အပေါ်တွင် ပေါ်လာခဲ့ပြီး တစ်ယောက်သည် ဤတံခါးများမှ တဆင့် ဝိညာဥ်ပင်လယ်နှင့် သေမင်းပင်လယ်တို့မှ ထကြွ လှုပ်ရှားနေကြသော လှိုင်းများကို တွေ့နိုင်ခဲ့သည်။ ဤမြင်ကွင်းသည် အလွန်တရာမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
أنت تقرأ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
مغامرة✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...