စာစဥ် ၇၂ : အပိုင်း ၁၉
အပိုင်း ၁၄၀၉ : ခုခံ၍ မရနိုင်သော အရှိန်အဝါ
မဟာကမ္ဘာ အတွင်းတွင် တစ်ယောက်သည် ထိန်းချုပ်၍ မရသော သေမင်းနှင့် ဖျက်ဆီးမှု အရှိန်အဝါများကို အာရုံခံနိုင်ခဲ့သည်။ အရာအားလုံးတို့သည် ရွှမ်းလီက သူမ၏ လက်အတွင်းတွင် ကိုင်ဆောင်ထားသော ဓားအတွင်းတွင် စုစည်းနေခဲ့သည်။
သူတို့သည် အသွင်မဲ့ ချီတိုင်လုံး တစ်ခုအဖြစ်သို့ ပြောင်းသွားကြပြီး အကောင်အထည် ပေါ်လာကြသော အခါ ကမ္ဘာဖျက်နိုင်သည့် ထက်မြက်မှု တစ်ခုအဖြစ်သို့ ပြောင်းသွား၍ အရာအားလုံးတို့သည် ပျက်စီးတော့မည်ပုံ ပေါက်နေခဲ့သည်။
ရွှမ်းလီသည် သူမ၏ ဓားကို ဓားအိမ်အတွင်းမှ ထုတ်လိုက်သော အခါ ထူးခြားဆန်းကြယ်၍ အာရုံမခံနိုင်သော ဓားအလင်းတန်း တစ်တန်းသည် ဟင်းလင်းပြင်အား ဖြတ်တောက်သွားခဲ့သည်။ သူ၏ ပစ်မှတ်မှာ မူလနဂါး ဘုရင်ပင် ဖြစ်သည်။
သူမ၏ ဓားကြောင့် ယင်ပင်လယ် အပေါ်မှ တိမ်တိုက်နှင့် မီးခိုးငွေ့များသည် လွင့်ပြယ်သွားကြသည်။ မဟူရာ ပင်လယ် အတွင်းတွင် ဧရာမ လှိုင်းလုံးတစ်လုံး ထကြွလာကာ ကြယ်စင်ပင်လယ် အတွင်းမှ ကြယ်များက ပျက်စီးသွားကြသည်။ ဟင်းလင်းပြင် ပင်လယ် အတွင်းတွင် လေပြင်းမုန်တိုင်းများက တစ်ဟူးဟူး တိုက်နေကြသည်။
တောင်ပိုင်း တောရိုင်းဒေသ အတွင်းတွင် အက်ကွဲကြောင်းများက စတင်၍ ပေါ်လာကာ ငရဲကမ္ဘာ ပင်လယ်အတွင်းမှ ကပ်ဆိုးများစွာတို့ ပေါ်လာကြသည်။
ရွှမ်းလီ၏ ဓားသည် ပင်လယ် ငါးခုစလုံးတို့ထံ၌ မုန်တိုင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထိုဓားသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။
မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းမှ ဟင်းလင်းပြင်သည် ပွင့်သွား၍ ဧရာမ ရွှေရောင်နဂါး တစ်ကောင် ပေါ်လာခဲ့ကာ ထိုနဂါး၏ ခန္ဓာကိုယ်မှ နေ၍ အလင်းတန်းများစွာ လည်ပတ်နေသည်ကို တွေ့နိုင်ခဲ့သည်။ ပြီးတာနှင့် သူတို့သည် မဟာကမ္ဘာ အတွင်းမှ အရပ်မျက်နှာ ရှစ်ဘက်စလုံးထံသို့ ကျယ်ပြန့်လာခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...