အပိုင်း ၁၃၉၃ : အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သွားသော အန္တိမ ကောင်းကင်ကြေးမုံ
သူတို့၏ တိုက်ခိုက်မှုများသည် ကောင်းကင် အကာအကွယ်ထီးအား မထိုးဖောက်နိုင်သည်ကို သဘောပေါက်သွားခဲ့သော အခါ အားလုံတို့က ငြိမ်သက်သွားကြသည်။
ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်၏ အမူအရာသည် အလွန် အေးစက်နေကာ သူ၏ မျက်လုံးများ အတွင်းတွင် ခက်ထန်သော အလင်းတန်း တစ်ခုက ရေးရေးလေး လင်းလက်နေသည်။ မဟာ ဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်အတွင်းတွင် ထိုက်ရီသူတော်စင်နှင့် ကျန်သောသူများသည် စဥ်းစားနေရင်း ငြိမ်သက်နေကြလေသည်။
မျောက်သည် သူ၏ခေါင်းကို ကုတ်နေကာ မျက်တောင်များကို ဆက်တိုက်ခတ်နေသည်။ သူသည် စိတ်လှုပ်ရှားနေသလို ပူလည်း ပူပန်နေခဲ့သည်။ ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ၏ မျက်လုံးအစုံသည် ကျဥ်းမြောင်းလာ၍ အလင်းရောင် တစ်ခုဖြင့် တောက်ပလာသည်။
စကြာဝဠာ စကျင်ဗုဒ္ဓ၏ မျက်လုံများကလည်း အလင်းတန်းများဖြင့် လင်းလက်လာသည်။ "တစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကမှ သူ့ကို မကျော်လွှားနိုင်တဲ့ အတွက် ငါတို့က သူ့အပေါ်မှာ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် အလကား ဖြစ်သွားမှာပဲ"
သူ၏ အကြည့်သည် လင်းလက်သွား၍ မဟာ ဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်နှင့် အန္တိမ ကောင်းကင်ကြေးမုံတို့အား လှမ်းကြည့်လိုက်သည်။
အကယ်၍ အန္တိမ ကောင်းကင်ကြေးမုံသည် အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက သူသည် ကောင်းကင် အကာအကွယ်ထီးအား ဖိအား ပေးကောင်း ပေးနိုင်လိမ့်မည် ဖြစ်သည်။
ပြီးပြည့်စုံသော အန္တိမ ကောင်းကင်ကြေးမုံသည် ကောင်းကင် အကာအကွယ်ထီး၏ ဘေးမှ ဓာတ်ငွေ့များကို ဖိနှိပ်ထားနိုင်လျှင် ကျန်သောသူများ၏ တိုက်ခိုက်မှုများသည် ကောင်းကင် အကာအကွယ် ထီး၏ ခံစစ်ကို ကျော်လွှားနိုင်လိမ့်မည် ဖြစ်သည်။ လင်းဖုန်းနှင့် ကျန်သောသူများသည် ထိုအချိန်၌ ပြိုင်ဘက်ကင်း ဖြစ်နေတော့မည် မဟုတ်ချေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...