စာစဥ် ၅၈ : အပိုင်း ၁၁
အပိုင်း ၁၁၂၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အန္တရာယ် ကြီးမားသော အခြေအနေ
ရှေးဟောင်းဝင်္ကပါ အတွင်းမှ အလင်းတန်းများ လုံးဝ မပျောက်ကွယ်သွားခင် တောက်ပသော ကြေးမုံ အလင်းတန်းသည် သူတို့၏ အရှေ့သို့ ရောက်လာပြီ ဖြစ်သည်။
မျက်လုံးအစုံကို မှိတ်ထားသော ထိုက်ရီသူတော်စင်သည် ထိုအလင်းတန်းများ အကြားမှ ထွက်လာခဲ့သည်။ သူ၏ ခေါင်းပေါ်တွင် စက်ဝိုင်းပုံ ကြေးမုံတစ်ခုကို တွေ့နိုင်၏။
ထိုကြေးမုံတွင် အနားကွပ်များ မရှိသလို အထောက်အပံ့များလည်း မရှိချေ။ သူသည် နေမင်းနှင့် လမင်းတို့ကဲ့သို့ တောက်ပစွာဖြင့်သာ လင်းလက်နေသည်။
လင်းဖုန်း၏ လက်ရှိ သဘာဝလွန် အသိစိတ်ဖြင့်ပင် ထိုကြေးမုံ၏ အရွယ်အစားနှင့် သူ၏ စွမ်းအား အပြည့်အဝတို့ကို အာရုံခံနိုင်ရန် ခက်ခဲနေ၏။ အပေါ်ယံတွင် သူသည် လက်မအနည်းငယ်သာ ကျယ်၍ အလွန်အမင်း သေးငယ်သည်ဟု ထင်နေရသည်။ သို့သော်လည်း သူသည် ကောင်းကင်ကြီးကဲ့သို့ ကျယ်ပြန့်ကာ ကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံနိုင်သည်ဟုလည်း ထင်နေရသည်။
လေထုအလယ်တွင် ချိတ်ဆွဲထားသော ကြေးမုံသည် သာမန်ဟုသာ ထင်နေရသော်လည်း သူသည် စကြာဝဠာ၏ အလယ်ဗဟိုဟူ၍ ထင်နေရသည်။ သူ၏ ပတ်ပတ်လည်တွင် ဖန်တီးမှု အားလုံးက လည်ပတ်နေ၍ ဗဟိုချက်အဖြစ် ဆောင်ရွက်နေကြသည်။
လင်းဖုန်းသည် ဟင်းလင်းပြင် အတွင်းမှ အလင်းတန်း တစ်ခုက လင်းလက်လာ၍ ကြေးမုံ အလင်းတန်း၏ အနားသားနှင့် အသာ ထိတွေ့သွားသည်ကို တွေ့လိုက်ရသည်။
ကြေးမုံ အလင်းတန်းသည် ရုတ်တရက် လင်းလက်လာ၍ အခြား အလင်းတန်းက တုန်ခါသွားသည်။ လင်းဖုန်းသည် စကြာဝဠာ အတွင်းမှ လျှို့ဝှက်ချက်များသည် သူတို့အား နားထောင်ရန် တောင်းဆိုနေခဲ့ကြ သကဲ့သို့ ခံစားနေရသည်။
ကြေးမုံ အလင်းတန်း အတွင်း၌ ဖန်ဆင်းမှု အားလုံးတို့ကို ဖော်ပြထားကာ အရာအားလုံးတို့က ရှိနေကြသည်။
ထူးခြားဆန်းကြယ်၍ ကြောက်မက်ဖွယ်ရာ ဤစွမ်းအားသည် မဟာကမ္ဘာ တစ်ခုလုံးက ပစ်မှတ်တစ်ခု အပေါ်၌ ဖိအားပေးနေသကဲ့သို့ ခံစားနေရသည်။ ဗီပရာလိုပါ အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကပင် အညံ့ခံရမည် ဖြစ်သည်။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...