စာစဥ် ၆၁ : အပိုင်း ၁၉
အပိုင်း ၁၁၈၉ : မိုးပြာရောင် ကောင်းကင် နဂါးဘုရင်၊ ခင်ဗျားထွက်သွားလို့ မရဘူး
လင်းဖုန်း၏ မဟာကောင်းကင် တာအိုကျမ်းစာမှ တတိယ အခန်းဖြစ်သော ဓာတ်နှစ်ပါး မူလပြန်လာခြင်း ကျမ်းစာကို ကျင့်ကြံထားအပြီးတွင် ဝမ်လင်းနှင့် ဇူရီတို့သည် သူတို့၏ ကောင်းကင်နှင့် မြေကြီးတို့ အပေါ်၌ ကိုယ်ပိုင်နားလည်မှုများကို ထည့်သွင်းထား၍ သူတို့ကိုယ်ပိုင် ဓာတ်နှစ်ပါး ဖန်ဆင်းခြင်း လမ်းစဥ်ကို ဖန်တီးထားကြသည်။
သူတို့၏ မဟာကောင်းကင် တာအိုကျမ်းစာအား ကိုယ်ပိုင် နားလည်မှုများ ထည့်သွင်းထားအပြီးတွင် နောက်ထပ် အဆင့်တစ်ခု တိုးတက်လာသည်။
ဝမ်လင်း၏ ဓာတ်နှစ်ပါး ဖန်ဆင်းခြင်း လမ်းစဥ်သည် ကြမ္မာပန်းတိုင်နှင့် ကံတရား စသော အစွန်းနှစ်ဘက်တွင် ရှိနေသော်လည်း နီးစပ်စွာ ဆက်စပ်နေသည့် သဘောတရား နှစ်ခုအား ပေါင်းစည်းထားခြင်း ဖြစ်သည်။
ဤလမ်းကြောင်းအား ထုတ်ဖော်နိုင်ကာ အခြေခံ သဘောတရားများကို နားလည်အပြီးတွင် ဝမ်လင်းသည် ထိုလမ်းကြောင်းအပေါ်၌ လျှောက်လှမ်းနိုင်သည့် ပထမဆုံး တပည့်ဖြစ်လာသည်။ သူသည် ဤလမ်းကြောင်း အပေါ်၌ ဆက်လက် ရှေ့ဆက်သွားနိုင်လျှင် စင်စင် ဖြစ်တည်မှုအား ကျင့်ကြံနိုင်ဖို့ရာ သိပ်မဝေးတော့ချေ။
ဤအချိန်တွင် ပြင်းထန်သော ဖိအားများနှင့် အစွမ်းထက်သော ပြိုင်ဘက်များကို ရင်ဆိုင်ခဲ့ရသော အချိန်တွင် ဇူရီကလည်း ဓာတ်နှစ်ပါး ဖန်ဆင်းခြင်း လမ်းစဥ်ကို ပို၍ ကြည်လင်ပြတ်သားစွာ နားလည်လာသည်။ သူ၏အရှေ့မှ လမ်းသည် ပို၍ ရှင်းလင်းလာသည်။
အစောပိုင်းတွင် ဗုဒ္ဓ၏ ကမ္မဝါဒ အချေအတင် ဆွေးနွေးပွဲတွင် ဝမ်လင်းသည် အကျိုးအမြတ် အများဆုံး ရရှိခဲ့၍ ဇူရီက အနည်းငယ်သာ နားလည်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ထိုအချိန်က ခလုတ်တိုက်နေခဲ့သော အတားအဆီးသည် ပြဿနာ မဟုတ်တော့ပေ။
ဇူရီသည် ဟီဂန် ရွှေရောင်တံတား အပေါ်၌ ရပ်နေကာ လူသားပုံစံမှ ချက်ချင်းပင် အင်မော်တယ် ဝိညာဥ်ကိုယ်ပွား ပုံစံသို့ ပြန်ပြောင်းလိုက်ပြီး စာပေ ထိုက်ကျိရုပ်ပုံ အဖြစ် အသွင်ပြောင်းသွားသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...