၁၂၄၉-၁၂၅၀

240 22 0
                                    

စာစဥ် ၆၄ : အပိုင်း ၁၉

အပိုင်း ၁၂၄၉ : ပြိုကျခြင်း

သွေးဝိညာဥ် ငြိမ်ဝပ်ပိပြားခြင်း မှော်ကျိန်စာသည် ကမ္ဘာဦး သွေးဝိညာဥ် မဟာကျိန်စာထံမှ သန့်စင်ထားခြင်း ဖြစ်သည်။ သွေးဝိညာဥ် မဟာကျိန်စာသည် ရှေးဟောင်း အချိန်ကာလက အမတန်မှ အစွမ်းထက်သော ကျိန်စာတစ်ခု ဖြစ်၍ အပြင်းအထန် လေ့လာ သုံးသပ်ခဲ့အပြီးမှသာ သူ့အား ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သူသည် နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ နောက်ဆုံးတွင် ပြန်လည်၍ ပေါ်ပေါက်လာခဲ့လေပြီ။

သို့သော်လည်း သူသည် နတ်ဘုရားနယ်မြေ အတွင်းမှ အမြင့်မြတ်ဆုံးဂိုဏ်း၏ ခေါင်းဆောင်ထံမှ ပြန်လည်၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက ထိုကျိန်စာကို အသုံးပြု၍ သတ်ချင်နေသောသူသည် သူ၏ကိုယ်ပိုင် ဘိုးဘေးဘီဘင် ဖြစ်၍ အမြင့်မြတ်ဆုံးဂိုဏ်း၏ ယခင်က ခေါင်းဆောင်လည်း ဖြစ်နေပြန်သည်။

အနီရင့်ရောင် အလင်းတန်းသည် ယန်နန်းလိုင်၏ ခန္ဓာကိုယ်မှ ယန်ရှင်းဟီ၏ အပေါ်သို့ ရွေ့လျားသွားကာ ယန်ရှင်းဟီ၏ ခန္ဓာကိုယ်သည် သိသာစွာ တုန်ခါလာသည်။

ထိုအနီရောင် အလင်းတန်းသည် ယန်ရှင်းဟီအား အန္တရာယ်ပြုနေခြင်း မဟုတ်ပဲ ထို့အစား သူ၏ အတွင်းတွင် ကြီးမားသော ပြောင်းလဲမှု တစ်ခုအား စတင်နေခြင်း ဖြစ်သည်။

သူသည် အစကတည်းက အတွင်းဘက်မှ စတင်လာသော အန္တရာယ် တစ်မျိုးဖြစ်သည်။ သူသည် ယန်ရှင်းဟီ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို စတင်တည်ဆောက်ပြီး သူ၏ ပြင်ဆင်မှုများ အပြီးတွင် ပေါက်ကွဲထွက်လာမည် ဖြစ်၏။

သူ၏ အင်မော်တယ် ဝိညာဥ်ဖြင့် ဖန်ဆင်းထားသော ခန္ဓာကိုယ်သည် လင်းလက်လာကာ သူ့ခန္ဓာကိုယ်၏ အလင်းရောင်သည် ပို၍ပို၍ တောက်ပလာ၏။

သွေးမြစ် တာအိုဆရာသည် ထိုအဖြစ်အပျက် အသစ်အား ဂရုမစိုက်သည့်ပုံဖြင့် သူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေခဲ့သည်။ သို့ရာတွင် ယန်လော်ဘုရင်၊ မော်ရှုလော်နှင့် ကျန်သောသူများသည် စိုးရိပ်ပူပန်သော အမူအရာဖြင့် စိတ်ဝိညာဥ် ယဇ်ပလ္လင်၏ အပေါ်ဘက်သို့ အာရုံစိုက်ကာ ကြည့်နေလေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now