၁၃၀၆ မှ ၁၃၁၀

323 23 0
                                    

စာစဥ် ၆၇ : အပိုင်း ၁၆

အပိုင်း ၁၃၀၆ : ရူးသွပ်သော ကြံစည်တီထွင်မှု

လူတစ်ယောက်သည် ထိုအလင်းတန်း ပုံရိပ်အတွင်းမှ စိတ်ဝိညာဥ် ယဇ်ပလ္လင် အပေါ်တွင် ရပ်နေ၏။ သူ၏ အသွင်အပြင်သည် အလွန်အမင်း ဆွဲဆောင်မှု မရှိသော်လည်း ထူးခြားစွာ ကြည့်ကောင်းနေ၍ တန်ကျွင်းနှင့် လေကျဲတို့နှင့် အနည်းငယ် ဆင်တူနေသည်။ သူ၏ ပုံစံနှင့် တန်ကျွင်းနှင့် ပိုတူနေ၏။

ထိုလူအား ကြည့်ရသည်မှာ အလွန်အမင်း ငယ်ရွယ်ပုံရ၍ အသက်နှစ်ဆယ်ကျော် ဟူ၍သာ ထင်နေရသည်။ သို့သော်လည်း သူ၏ နားထင်နှစ်ဘက်မှ ကျနေသော ဆံနွယ်များသည် ဖြူနေကာ သူ၏ မျက်လုံးများသည် ရင့်ကျက် တည်ငြိမ်မှုများဖြင့် စီးဆင်းနေ၍ ကမ္ဘာအတွင်းမှ အရာအားလုံးကို မြင်တွေ့ပြီးသကဲ့သို့ ဖြစ်နေသည်။

ရှောင်ယန်နှင့် တန်ကျွင်းတို့သည် ထိုလူအား ယခင်က မတွေ့ဖူးသော်လည်း ထိုလူ၏ လက်ကျန် ပုံရိပ်များမှ တဆင့် လူငယ်နှင့် လူကြီးတို့ အကြားတွင် ရှိနေပုံ ပေါက်နေသည့် ထိုသူသည် တန်ကျွင်းနှင့် လေကျဲတို့၏ ဖခင်ဖြစ်သူ တန်ဝန်ဟွာ ဖြစ်မှန်းကို သိလိုက်ကြသည်။

လေလေနှင့် လေကျဲတို့သည် တန်ဝန်ဟွာအား ယခင်က ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးကာ ထိုအလင်းတန်း ပုံရိပ်မှတဆင့် သူ့အား တွေ့လိုက်သည်နှင့် ချက်ချင်း မှတ်မိခဲ့သည်။

လေလေ၏ မျက်နှာသည် လေးနက်စွာဖြင့် တန်ဝန်ဟွာအား စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများသည် တည်ငြိမ်နေခဲ့သော်လည်း လေကျဲ၏ အသက်ရှူသံများသည် ပြင်းထန်လာခဲ့သည်။

တန်ဝန်ဟွာသည် အလင်းတန်း ပုံရိပ်အတွင်းမှ စိတ်ဝိညာဥ် ယဇ်ပလ္လင် အပေါ်တွင် ရပ်နေကာ သူ၏ လက်များသည် လျင်မြန်စွာ လှုပ်ရှားနေ၍ မှော်စွမ်းအင် တစ်တန်းပြီးမှ တစ်တန်းတို့က စိတ်ဝိညာဥ် ယဇ်ပလ္လင် အပေါ်သို့ ကျရောက်သွားသည်။

စိတ်ဝိညာဥ် ယဇ်ပလ္လင်၏ အလယ်တွင် အခြား ပစ္စည်းများ ရှိနေသေး၍ အနီးကပ် ကြည့်လိုက်လျှင် ထိုအရာများသည် စိတ်ဝိညာဥ် စွမ်းအင်များ ကြွယ်ဝသော အရာများ ဖြစ်ကြသည်ဟု သိနိုင်သည်။ သူတို့သည် တန်ဝန်ဟွာ၏ မှော်စွမ်းအင်အောက်တွင် ဖြည်းဖြည်းချင်း ပြိုကွဲသွားကာ နောက်ဆုံးတွင် မီးတောက် ဘောလုံးများ အဖြစ်သို့ ပြောင်းသွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)حيث تعيش القصص. اكتشف الآن