စာစဥ် ၇၆ : အပိုင်း ၁
အပိုင်း ၁၄၇၁ : ဘယ်သူက မင်းကို ဒီကမ္ဘာမှာ စိန်ခေါ်နိုင်ဦးမလဲ
လင်းဖုန်းသည် တော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးအား တစ်ယောက်တည်း တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ သူသည် အောက်စည်းသို့ ရောက်မနေခဲ့သော်လည်း သူတို့ နှစ်ယောက်စလုံးအား တစ်ပြိုင်နက် ဖိနှိပ်ကာ ချုပ်နှောင်ထားရန် မလွယ်လှပေ။
ရှန်းယွမ်သည် လင်းဖုန်းက ရွှမ်ဆန်းနှင့် တိုက်ခိုက်နေသည့် အခွင့်အရေးကို အသုံးချကာ သူ၏ စွမ်းအားများကို ထုတ်ဖော်၍ တော်ဝင်ကောင်းကင် ဝင်္ကပါ အတွင်းမှ ခုန်ထွက်သွားခဲ့သည်။
ထိုက်ကျိကောင်းကင် ကြယ်စင်ဝင်္ကပါသည် တော်ဝင်ကောင်းကင် ဝင်္ကပါ၏ အပြင်ဘက်တွင် တည်ရှိနေ၍ ကြယ်စင်များသည် ကောင်းကင်ယံတွင် လည်ပတ်နေကြသည်။ ရှန်းယွမ်သည် သွားများပေါ်အောင် ပြုံးလိုက်ရာ သူ၏ ခန္ဓာကိုယ် အနားတွင် လည်ပတ်နေသော သွေးနီရောင် ကြယ်များသည် ထိုက်ကျိကောင်းကင် ကြယ်စင်ဝင်္ကပါနှင့် ထိပ်တိုက်တွေ့ခဲ့သည်။
ဧရာမ ဝင်္ကပါကြီးသည် ချက်ချင်းပင် အရှိန်လျော့သွားကာ စကြာဝဠာ တစ်ခုလုံးနှင့် တူနေသော ကြယ်စင်ကောင်းကင်သည် ရုတ်တရက် အနီရောင် စွန်းထင်းသွားသည်။
ဤအချိန်တွင် ကောင်းကင်တော်ဝင် ဝင်္ကပါ၏ ပိတ်ဆို့မှုကလည်း အားနည်းသွားခဲ့ကာ ရွှမ်ဆန်းကလည်း ဤအခွင့်အရေးကို အသုံးချ၍ စစ်တုရင်ခုံ အတွင်းမှ ထွက်ခွာလာခဲ့သည်။
ချိုးဖောက်လာနိုင်ခဲ့ကြသော်လည်း တော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးတို့သည် စိတ်သက်သာရာ မရနေသေးချေ။ မဟာဟင်းလင်းပြင် သူတော်စင်၊ အန္တိမ ကောင်းကင်ကြေးမုံနှင့် သကျမုနိတို့ အားလုံးသည် ထိုက်ကျိကောင်းကင် ကြယ်စင်ဝင်္ကပါ၏ အပြင်သို့ ရောက်နေကြပြီ ဖြစ်ပြီး လင်းဖုန်းကိုယ်တိုင်ကလည်း ရှိနေသေးသည်။
လင်းဖုန်းသည် သူ၏ လက်ညှိုးနှင့် လက်ခလယ်တို့အား ဓားတစ်ချောင်းကဲ့သို့ ဆန့်တန်းလိုက်ကာ လေထုအလယ်သို့ ဝှေ့ယမ်းလိုက်ရာ ကစဥ့်ကလျား ဘောလုံးတစ်လုံးနှင့် မယုံနိုင်အောင် ခက်ထန်သော ဓားအလင်းတန်း တစ်တန်းတို့က သူ၏ လက်ဖျားထိပ်များတွင် ပေါ်လာခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...