၁၃၀၁ မှ ၁၃၀၅

358 20 0
                                    

စာစဥ် ၆၇ : အပိုင်း ၁၁

အပိုင်း ၁၃၀၁ : ရန်ငြိုးဟောင်းများ

သဘာဝ မိုးပြာရောင် ဒီရေပုလဲ၊ တောင်ပိုင်း တောရိုင်းဒေသရှိ ရှေးဟောင်းကမ္ဘာ စိမ့်မြေထံမှ ပိုးရတနာ ပန်းပွင့်နှင့် မီးကြာပန်း သစ်ခေါက်၊ မြောက်ပိုင်းဒေသရှိ ဆီးနှင်းလွင်ပြင် ဒေသမှ ရေခဲပန်းဖွား၊ ထူးခြားဆန်းကြယ်သော သတ္တုခြောက်မျိုး အနက်မှ မှောင်မှိုင်းနေသော အလင်းမဲ့သတ္တု၊ ကမ္ဘာဦးခေတ်ကတည်းက မျိုးသုဥ်းလုနီးပါး ဖြစ်နေခဲ့သော အစွမ်းထက် ရေခဲမိစ္ဆာ တစ်မျိုးဖြစ်သော ဟူချီ၏ ရိုးတွင်းခြင်ဆီ…

ဤအရာများသည် ပစ္စည်းအမယ် အချို့၏ စာရင်းများသာ ရှိသေးသည်။ အပြည့်အဝ ကျင့်ကြံခြင်း မခံရသေးပဲ အခြား ရတနာများနှင့် အတူ အတူတကွ ထုလုပ်ရမည့် သို့မဟုတ် နောက်ပိုင်းတွင် လျှို့ဝှက်နည်းစနစ်ဖြင့် တော်ဝင်နန်းတော် သို့မဟုတ် မဟာကောင်းကင်ဘီးနှင့် ပေါင်းစည်းရမည့် မှော်ရတနာ သန္ဓေလောင်း များစွာလည်း ရှိသေးသည်။

ထိုရတနာများ အပြင် မှော်အိုင်တမ်နှင့် လက်နက် အမျိုးမျိုးတို့လည်း ရှိကြသေးသည်။ သူတို့သည် အမျိုးအစား မတူကြပဲ တိုက်စစ်ပစ္စည်းများ၊ ခံစစ်ပစ္စည်းများ အစရှိသဖြင့် အမျိုးအစား စုံလင်စွာ ရှိနေကြလေသည်။

မှော်ရတနာများ အပြင် ဆေးလုံးနှင့် ဆေးပင်များစွာတို့မှာလည်း ရေတွက်၍ပင် မရချေ။

တော်ဝင်နန်းတော် အတွင်းတွင် မဟာယာန အဆင့်မှ မှော်ရတနာ နောက်တစ်ခု ရှိသေးသည်။ ထိုအရာသည် ရိုးစင်းသော အသွင်သဏ္ဌာန်သာ ရှိနေသည့် ဆေးမီးဖို တစ်ခုပင် ဖြစ်သည်။ လင်းဖုန်းသည် သူ့အား ခေတ္တမျှ လေ့လာလိုက်ရာ ဤမှော်ရတနာသည် ကမ္ဘာဦးခေတ်ကတည်းက နာမည်ရှိနေသော ကမ္ဘာဦးမိခင် ဆေးမီးဖို ဖြစ်မှန်းကို သိလိုက်သည်။

ထိုဆေးမီးဖိုသည် မဟာယာန အဆင့်မှ မှော်ရတနာ တစ်ခုဖြစ်ပြီး လူသား ကျင့်ကြံမှု ကမ္ဘာ၏ ဆေးဖော်စပ်မှု ဘိုးဘေးဘီဘင်ဟူ၍ ပြော၍ရသည်။ သူသည် ချုံးဧကရာဇ်၏ အနှစ်သက်ဆုံး မှော်ရတနာဖြစ်ပြီး သူသွားလေရာ သယ်ဆောင်သွားလေ့ ရှိသည်။ သူသည် ကမ္ဘာအတွင်းတွင် မဟာယာန အဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် ဆေးမီးဖို တစ်ခုလည်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now