၁၂၃၅-၁၂၃၆

246 22 0
                                    

စာစဥ် ၆၄ : အပိုင်း ၅

အပိုင်း ၁၂၃၅ : နောက်ပြန်လှည့်၍ မရတော့ချေ

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ချီးကျူးထိုက်သော စွမ်းဆောင်ရည်များသည် ယန်နန်းလိုင်၏ မျှော်လင့်ချက်ထက်ပင် သာလွန်သွားခဲ့သည်။

အဝေးမှ မိုးကုပ်စက်ဝိုင်းထံသို့ လျင်မြန်စွာဖြင့် ဦးတည်နေခဲ့သော်လည်း ယန်နန်းလိုင်၏ အသိစိတ်သည် သူ့အနောက်မှ စစ်မြေပြင်ထံသို့ အာရုံစိုက်ထားခဲ့သည်။ သူသည် ပိုင်ယွင်တောင်မှ သူ့ထံသို့ လိုက်ဖမ်းခဲ့သော ဟေးဒီးစ် မာစတာတို့၏ စွမ်းအားများကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့၏။

အထူးသဖြင့် ကာဒီနယ်ကပ်ဘေး စဦးပိုင်း အဆင့်မှ ကျန်းမင်ဖြစ်သည်။ သူသည် အစောပိုင်းမှ ပိုင်ယွင်တောင် တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ခဲ့သဖြင့် ယန်နန်းလိုင် အနေဖြင့် ထိုဟေးဒီးစ်၏ မိစ္ဆာစွမ်းအားများသည် အမတန်မှ သန်မာလှပြီး ကျားဖြူ မဟာပဏ္ဍိတနှင့် ယှဥ်နိုင်စွမ်းရှိသည်ဟု သိနေသည်။

ကွာခြားချက် ရှိလျှင်ပင် အနည်းငယ်သာ ဖြစ်၍ သူသည် ကျားဖြူ မဟာပဏ္ဍိတနှင့် တိုက်ခိုက်နိုင်စွမ်း ရှိကာ တကယ်တမ်း တိုက်ခိုက်မှပင် အနိုင်အရှုံးကို ခွဲခြားနိုင်မည် ဖြစ်သည်။

နောက်ပိုင်းမှ တိုက်ပွဲသည် ယန်နန်းလိုင်၏ ခန့်မှန်းချက်ကို သက်သေပြခဲ့သည်။

ထို့အပြင် နင်းဖန်နှင့် ကျွမ်းလုံတို့သည် အလွန်အမင်း သန်မာသော တိုက်ခိုက်နိုင်မှု စွမ်းအားများကို ပြသခဲ့၍ လုယွမ် မဟာပဏ္ဍိတနှင့် တော်ဝင်အိမ်တော် သခင်တို့အား ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ရှီထျန်းဟောင်က ရောက်လာခဲ့ကာ နင်းဖန်နှင့် ကျွမ်းလုံတို့အား ဖိနှိပ်နိုင်ခဲ့၍ ကျန်းမင်အား ခုခံခဲ့ကာ ယန်နန်းလိုင်အား အနည်းငယ် အံ့အားသင့်စေခဲ့သည်။

အကွာအဝေးများသည် အတော်ပင် ခြားနားနေသော်လည်း ယန်နန်းလိုင်သည် ကောင်းကင်အား ဖိနှိပ်ထား၍ လမ်းကြောင်းများ အားလုံးတို့က မူလသို့ ပြန်သွားခြင်း သဘောတရားကို အာရုံခံနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now