အပိုင်း ၁၄၄၄ : နေရာတိုင်းတွင် ဖိနှိပ်ခြင်း

175 21 0
                                    

စာစဥ် ၇၄ : အပိုင်း ၁၄

အပိုင်း ၁၄၄၄ : နေရာတိုင်းတွင် ဖိနှိပ်ခြင်း

လင်းဖုန်းသည် သူ၏လက်များကို ဆန့်တန်းလိုက်ရာ ခရမ်းရောင် တိမ်တိုက်တန်းများက သူ၏ လက်ဝါးအတွင်းတွင် လွင့်မျောလာကြသည်။ မှော်သင်္ကေတ များစွာတို့အား တွေ့နေနိုင်ပြီး ထောင့်လေးထောင့်စလုံးက တုန်ခါလာကြသည်။

သူသည် သူ၏ လက်ဝါးများကို အတူတကွ စုစည်းလိုက်ကာ မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်အား ခုတ်ချလိုက်သည်။

ကြမ္မာပန်းတိုင် ခေါင်းလောင်းသည် ပြိုလဲခြင်း စာအုပ်အား ကိုင်ဆောင်ထားရင်း စာရွက်များက လှန်နေခဲ့သော အခါ သူ့အတွင်းမှ ဓာတ်ငွေ့ အတန်းများ ထွက်လာ၍ အန္တိမ ကောင်းကင်ကြေးမုံအား ဆက်လက် ဖိနှိပ်နေခဲ့သည်။

ဟင်းလင်းပြင် ဘုရားကျောင်းက ကြည့်နေခဲ့ရင်း လင်းဖုန်းက သူ၏ လက်ချောင်းများကို ဖြည်းဖြည်းချင်း ဖြန့်ကားလိုက်သည်။ ထိုလုပ်ဆောင်ချက်ကြောင့် မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်သည် ကွဲပြိုသွားတော့မည်ကဲ့သို့ ဖြစ်သွားပြီး ဧရာမ အက်ကွဲကြောင်း တစ်ခု ပေါ်လာကာ အပြင်သို့ ပျံ့နှံ့လာခဲ့သည်။

လင်းဖုန်းက ပြုံးလိုက်သည်။ ခရမ်းရောင် တိမ်တိုက်များက ဆက်လက် တုန်ခါလာသော အခါ မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်သည် ပြိုလဲတော့မည်ကဲ့သို့ ပြင်းထန်စွာနှင့် ခါယမ်းလာခဲ့သည်။

သူ၏ လက်ချောင်းထိပ်တွင် ထူးခြားဆန်းကြယ်၍ အစွမ်းထက်သော အလင်းတန်း တစ်တန်းက စတင်၍ လည်ပတ်လာ၍ ချက်ချင်းဆိုသလိုပင် သူသည် မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်အား ထိုးဖောက်သွားခဲ့သည်။

ထိုအလင်းတန်းနှင့် ထိတွေ့ခဲ့သော နေရာတိုင်းတွင် မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်၏ အခြေခံဖြစ်သော ကျုံးကောင်းကင် တံခါးသည် အစအန ရှာမရပဲ ပျောက်ကွယ်သွားသည်။ သူသည် အဆုံးသတ်ခါနီး အခြေအနေသို့ နီးကပ်လာပြီကို ဖော်ပြနေခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now