စာစဥ် ၇၃ : အပိုင်း ၁၇
အပိုင်း ၁၄၂၇ : ဓားတစ်ချောင်းသည် မှော်ကျိန်စာ တစ်ထောင်ကို ထုတ်ဖော်နိုင်သလို ဓားတစ်ချောင်းသည် မှော်ကျိန်စာ တစ်ထောင်ကိုလည်း ဖျက်ဆီးနိုင်သည်
စကြာဝဠာ စကျင်ဗုဒ္ဓသည် ကောင်းကင်စေတီအား ယာယီ ထိန်းထားနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်သည် လေဟာနယ် အလယ်တွင် ရပ်တန့်သွားခဲ့သည်။
စကြာဝဠာ စကျင်ဗုဒ္ဓသည် လင်းဖုန်းအား မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများ အတွင်းတွင် အလင်းတန်းများ လင်းလက်လာခဲ့သည်။ ပုံရိပ်ယောင် ပုံစံ ပေါက်နေသော်လည်း အစစ်အမှန်ဟု ထင်နေရသည့် မရေမတွက်နိုင်သော အလင်းတန်းများသည် အချင်းချင်း ယှက်သန်းနေကြကာ အဆက်မပြတ် ကျယ်ပြန့်လာ၍ အဆုံးမဲ့ ကြယ်အလင်းတန်းများဖြင့် လင်းလက်နေသည့် ဧရာမ ပိုက်ကွန်တစ်ခု အဖြစ်သို့ ပြောင်းသွားကြသည်။
ဤအချိန်တွင် သူ၏ မျက်လုံးများ အတွင်းတွင် အရာအားလုံးတို့သည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေခဲ့သည်။
ပုံရိပ်ယောင်နေမင်း ဟေးဒီးစ် အပါအဝင် အားလုံးတို့သည် သူတို့၏ မျက်မှောင်များကို ကြုတ်လိုက်ကြသည်။ သူတို့၏ စွမ်းအင် လှုပ်ရှားမှုများသည် စကြာဝဠာ စကျင်ဗုဒ္ဓ၏ အဓိက မျက်လုံးများ အပေါ်သို့ ကျရောက်သွားကာ သူ့အား ခွဲခြား၍ မရနိုင်သော ထုထည် ရှိနေသည့် အနက်ရောင် အလွှာတစ်လွှာဖြင့် လွှမ်းခြုံသွားခဲ့သည်။
သို့သော်လည်း နေရာတကာ၌ ရှိနေသည့် အန္တိမ ကောင်းကင်ကြေးမုံမှ လွဲ၍ ကျန်သော တည်ရှိမှု ပုံစံများ အားလုံးတို့သည် အနက်ရောင် အလွှာ၏ လွှမ်းခြုံမှုကို ခံနေရသော်လည်း မြင်နေရသော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သေးသည်။
စကြာဝဠာ စကျင်ဗုဒ္ဓက အာရုံ စူးစိုက်စွာဖြင့် စိုက်ကြည့်နေသော လင်းဖုန်း တစ်ယောက်ကသာ ခြားနားနေသည်။ သူသည် အမှောင်ထု၏ လွှမ်းခြုံမှုကို လုံးဝ မခံရပဲ သာမန်အတိုင်းသာ ရှိနေသည်။ လင်းဖုန်းသည် စကြာဝဠာ စကျင်ဗုဒ္ဓ၏ အမြင်အတွင်းတွင် ပျောက်နေပြီး သူ၏ တာအို သစ်သီးကိုသာ သတိပြုမိခဲ့သည်။ သို့တိုင်အောင် သူသည် ထိုတာအိုသစ်သီး၏ နေရာ အတိအကျနှင့် ပုံသဏ္ဌာန်တို့အား ဖော်မပြနိုင်ခဲ့ပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...