အပိုင်း ၁၁၈၇-၁၁၈၈

262 21 0
                                    

စာစဥ် ၆၁ : အပိုင်း ၁၇

အပိုင်း ၁၁၈၇ : ညှာတာမှု ကင်းမဲ့စွာ ရက်စက်ခြင်း

အစွန်းရောက်သွား နဂါးဘုရင် ဖန်ဆင်းထားသော အနီရောင် အလင်းတန်းသည် ယွဲ့ဟုန်ယန်၏ ရုပ်ကိုယ်ခန္ဓာအား ရစ်ပတ်လိုက်သော အခါ သူမ၏ အင်မော်တယ် ဝိညာဥ်ဖြင့် ဖန်ဆင်းထားသော ဧရာမ ထိုက်ကျိရုပ်ပုံသည် ရုတ်တရက် လည်ပတ်လာပြီး တိမ်တိုက်တိုင်လုံး တစ်ခုသည် မြေပြင်အပေါ်သို့ ဖြာကျလာကာ သူမ၏ ခေါင်းပေါ်သို့ ကျရောက်လာသည်။

ယွဲ့ဟုန်ယန်၏ ရုပ်ကိုယ်ခန္ဓာသည် သတိလစ်နေရာမှ နိုးလာသကဲ့သို့ ပြင်းထန်စွာနှင့် တုန်ခါသွား၍ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ပြီးတာနှင့် သူမ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လည်ပတ်နေသည့် ရှေးပဝေသဏီမှ နတ်နဂါး သွေးနှင့် မိုးကြိုးမီးတောက် စွမ်းအင်များတို့သည် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ မွေးညင်းပေါက်များ အတွင်းသို့ စုပ်ယူခြင်းကို ခံလိုက်ရသည်။

နဂါးသွေးတို့၏ ကြီးမားလှသည့် စွမ်းအားများကြောင့် ယွဲ့ဟုန်ယန်သည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားသော်လည်း တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူနိုင်ခဲ့သည်။ ကျန်နေသော အစိတ်အပိုင်းများအား နောက်ပိုင်းတွင် ကျင့်ကြံနိုင်ရန်အတွက် ယာယီသိမ်းဆည်းထားလိုက်သည်။

သူမ၏ ရုပ်ကိုယ်ခန္ဓာ စွမ်းအားကလည်း မခန့်မှန်းနိုင်သော အဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။ သူမ၏ ရုပ်ကိုယ်ခန္ဓာနှင့် အင်မော်တယ် ဝိညာဥ်တို့က ပြီးပြည့်စုံစွာ ပေါင်းစည်းသွားသော အခါ သူမ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ မွေးညင်းပေါက်များသည် စကြာဝဠာ အတွင်းမှ ကြယ်များကဲ့သို့ တုန်ခါနေကြ၏။

ဤအချိန်တွင် အစွန်းရောက်သွား နဂါးဘုရင်၏ စွမ်းအားများသည် အဆုံးစွန်အထိ ကျုံ့ဝင်သွားကာ ယွဲ့ဟုန်ယန်၏ ခန္ဓာကိုယ်ကလည်း သူနှင့်အတူ ကျုံ့ဝင်လာသည်ဟု ခံစားနေရသည်။

ထိုအရာသည် နည်းစနစ် ပြောင်းလဲမှုကြောင့် မဟုတ်ပဲ သူမ၏ ရုပ်ကိုယ်ခန္ဓာ စွမ်းအားများသည် မာကျောသလို တစ်ချိန်တည်းတွင် ပျော့ပျောင်းစွာဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Dove le storie prendono vita. Scoprilo ora