စာစဥ် ၆၃ : အပိုင်း ၇
အပိုင်း ၁၂၁၇ : မီးတောင်ပင်လယ် အကြားတွင် ပျက်စီးသွားသော စူတောင်
ရှောင်ယန်၏ အသံသည် ကောင်းကင်နှင့် မြေကြီးတို့ အကြားတွင် ပဲ့တင်ရိုက်နေကာ ချန်းမင် ဓားမာစတာကလည်း သူ့အား သေမင်းမျက်လုံးများနှင့် စိုက်ကြည့်နေ၏။ သူ၏ မျက်နှာသည် တစ်ခါမှ မကြုံဖူးလောက်အောင် အေးစက်နေသည်။
သူ၏ သေးငယ်အားနည်းသော ခန္ဓာကိုယ်သည် လေထုအလယ်တွင် လေဆင်နှာမောင်း၏ ဗဟိုချက်ကဲ့သို့ ရပ်နေပြီး ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
ချန်းမင် ဓားမာစတာ၏ အမူအရာသည် မည်းမှောင်နေ၍ ချန်းမင် ရှေးဟောင်းဓားအား ကောင်းကင်အတွင်း၌ ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် နယ်နိမိတ် ဓားနည်းစနစ်ကို အသုံးပြုကာ ရှောင်ယန်အား ခုတ်ချလိုက်သည်။
ရှောင်ယန်က အားရပါးရ ရယ်လိုက်ကာ သူ၏ညာလက်ကို ထပ်ဖန်တစ်ခါ ဆန့်တန်းလိုက်သည်။ သူ့လက်ဝါး၏ အလယ်၌ အနီရောင် အလင်းတန်းများ လင်းလက်လာပြီး အကြွင်းမဲ့ နတ်ဆိုး အော်ရာတစ်ခုက အတွင်းမှနေ၍ ထွက်လာသည်။
ကောင်းကင်နှင့် မြေကြီးတို့ အကြားမှ နယ်နိမိတ်သည် သူနှင့်အတူ တုန်ခါသွားကြသည်။ အဆုံးမဲ့ ဟင်းလင်းပြင်ဖြင့် ခွဲခြားထားသည့် ခက်ထန် ကြမ်းတမ်းလှသော ငရဲကမ္ဘာ ပင်လယ်သည် အနီးသို့ ရောက်လာသည်ဟု ထင်နေရပြီး သူ၏ မျက်လုံးများကို ဖွင့်လိုက်ကာ ချန်းမင် ဓားမာစတာကို ကြည့်လိုက်လေသည်။
ငရဲကမ္ဘာ ပင်လယ်သည် ကမ္ဘာကြီး၏ အဆုံးမဲ့ ကပ်ဘေးများဖြင့် ပြည့်နေ၍ အတွင်းဘက်၌ အနီရောင် အလင်းတန်းများက တောက်ပစွာဖြင့် လင်းလက်နေကာ ဧရာမ တိုင်လုံးကဲ့သို့ စုစည်းနေခဲ့သည်။
ထိုအနီရောင် အလင်းတန်းများ၏ အစိတ်အပိုင်း အချို့သည် မာန်ထနေသော လှိုင်းလုံးများ အဖြစ်သို့ ပြောင်းသွားကြကာ ဟင်းလင်းပြင် အတွင်းမှ ထိုးဖောက်လာကြကာ ရှောင်ယန်၏ လက်ဝါးအလယ်တွင် စုစည်းလာကြသည်။
ချန်းမင် ဓားမာစတာသည် ရှောင်ယန်အား စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ သူသည် အားလုံးတို့၏ အရှေ့၌ ရှောင်ယန်၏ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံခဲ့ရကာ အမျက်ဒေါသများ ထွက်နေသည်။ သူသည် ဤကဲ့သို့ အရှက်ရခြင်းမျိုးနှင့် မကြုံခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။
أنت تقرأ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
مغامرة✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...