စာစဥ် ၇၄ : အပိုင်း ၅
အပိုင်း ၁၄၃၅ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အတွင်း ပဋိပက္ခ
လော်ချင်းဝူနှင့် တန်ကျွင်းတို့ စောင့်ကြည့်နေစဥ်တွင် အဖြူနှင့် အနက်ရောင် လေစီးကြောင်း တစ်ခုသည် ပိုင်ယွင်တောင်၏ ထိပ်ဖျားပေါ်တွင် လွင့်မျောနေကာ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးအား လွှမ်းခြုံသွား၍ ဧရာမ ဝင်္ကပါ တစ်ခုအား ဖန်ဆင်းလိုက်သည်။
ဝင်္ကပါ၏ အလယ်တွင် မှေးမှိန်နေသော အလင်းတန်း စက်လုံး ၁၂လုံး ရှိနေကာ သူတို့အတွင်းတွင် အလင်းတန်း ၁၂တန်းတို့ကို မြင်နိုင်ပေသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးတို့အား ထိုးဖောက်သွား၍ နတ်ဘုရား နယ်မြေ တစ်ခုလုံးနှင့် ဆက်သွယ်ထားသကဲ့သို့ အဝေးမှ ဟင်းလင်းပြင် အတွင်းသို့ ဆန့်တန်းသွားကြသည်။
စိတ်ဝိညာဥ် စွမ်းအင် အမြောက်အမြားတို့ကလည်း ပိုင်ယွင်တောင်ထိပ် အပေါ်မှ ဝင်္ကပါထံသို့ အရပ်မျက်နှာ ပေါင်းစုံမှ စုစည်းလာကြသည်။
လော်ချင်းဝူနှင့် တန်ကျွင်းတို့သည် ပိုင်ယွင်တောင် အပေါ်၌ မျက်လုံးတစ်စုံ ပေါ်လာကာ ဟင်းလင်းပြင် အတွင်းမှ နေ၍ မဟာကမ္ဘာ တစ်ခုလုံးအား စောင့်ကြည့်နေသည်ဟု ခံစားခဲ့ရသည်။
ဝင်္ကပါ အပြင်ဘက်တွင် ကမ္ဘာဦး ကာလမှ အဖြူရောင် တိမ်တိုက် တစ်ခုက လွင့်မျောနေသည်။ ထိုတိမ်တိုက်သည် စတုရန်း ဧက အနည်းငယ်သာ ကြီးမားသည်ဟု ထင်နေရ၍ ကျယ်ပြန့်လှသော ကောင်းကင်နှင့် မြေကြီးကို မဆိုထားနှင့် အပြည့်အဝ လည်ပတ်နေသော အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါနှင့် ယှဥ်လိုက်လျှင် သေးငယ်နေကာ ဘာမှ မဟုတ်ဟု ထင်နေရသည်။
သို့သော်လည်း အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါမှ ထွက်လာသည့် ထက်မြက်လှသော ရွှေရောင် အလင်းတန်းများသည် ထိုတိမ်တိုက် အပေါ်သို့ ကျဆင်းသွားသော အခါ တိမ်တိုက်သည် ပြန့်ကျဲသွားခဲ့သော်လည်း အတွင်းဘက်တွင် စွမ်းအင်တစ်မျိုး စီးဆင်းနေခဲ့သည်။ ထို့အပြင် တိမ်တိုက်သည် တစ်ခါမှ လွင့်ပြယ် မသွားခဲ့ပဲ သူ၏ အရွယ်အစားကပင် မကျုံ့ဝင်သွားခဲ့ပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...