စာစဥ် ၇၆ : အပိုင်း ၁၁
အပိုင်း ၁၄၈၁ : ကျုပ်တပည့်တွေက သူ့ကို သေဒဏ် စီရင်လိုက်တယ်
မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းရှိ မဟူရာပင်လယ် အပေါ်မှ မော်ကွန်းဝင် တိုက်ပွဲသည် မူလကောင်းကင် ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် မှတ်တမ်းဝင်သွားတော့မည် ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ဤတိုက်ပွဲ အတွင်း၌ နဂါးတို့၏ အန္တိမ ခေါင်းဆောင်ဖြစ်သော ကြွယ်ဧကရာဇ် ရွှမ်ဆန်းသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ သုတ်သင်ခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဤတိုက်ပွဲ အတွင်းတွင် လင်းဖုန်းနှင့် ကမ္ဘာ တစ်ခုလုံးအား ထိတ်လန့် ခြောက်ခြားစေခဲ့သော ကောင်းကင်ဖျက်ဆီး ဓားတို့သည် အစမှနေ အဆုံးအထိ လုံးဝ ပေါ်မလာခဲ့ပေ။
ဤတိုက်ပွဲ၏ ရလဒ်သည် မူလကောင်းကင် ကမ္ဘာ တစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။ မဟာလွင်တီးခေါင် ကုန်းမြေနှင့် နတ်ဘုရား နယ်မြေ တစ်ခုလုံးတို့သည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွား၍ စဥ်းစား သုံးသပ်နေခဲ့သည်။
ဝိညာဥ်ပင်လယ် ပြိုင်ပွဲ အတွင်းတွင် ယခုလေးတင် အသက်ပြန်ရှင်လာခဲ့သော ရှန်းယွမ်သည် လင်းဖုန်း၏ ငရဲထံသို့ ထပ်ဖန်တစ်ခါ အပို့ပြန်ခံခဲ့ရသည်။ ဤသတင်းသည် ကမ္ဘာကြီးအား တုန်လှုပ်သွားစေခဲ့ကာ လင်းဖုန်းအား အချိန်အစကတည်းက နံပါတ်တစ် ပုဂ္ဂိုလ် တစ်ယောက်အဖြစ် ရေးထိုးပေးနိုင်ခဲ့သည်။
ရှန်းယွမ်သည် လင်းဖုန်း၏ လက်အောက်၌ ကျဆုံးသွားခဲ့သော်လည်း ရွှမ်ဆန်းနှင့် မပြန်လာသေးသော ဟေးဒီးစ် ဧကရာဇ်တို့သည် ကမ္ဘာကြီး၏ ထိပ်ဆုံးတွင် ရှိနေကြသော အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သူတို့နှင့် အဆင့်တူ ယှဥ်နိုင်သည့် လက်ရှိ အသက်ထင်ရှား ရှိနေကြသော လူသားကျင့်ကြံသူများသည် မဟာဟင်းလင်းပြင် သူတော်စင်နှင့် သကျမုနိတို့သာ ဖြစ်ကြသည်။
သူတို့ အနည်းငယ်သည် မူလကောင်းကင် ကမ္ဘာ အတွင်းမှ အစွမ်းအထက်ဆုံး အင်အားစုများအား ကိုယ်စားပြုနေကြခြင်း ဖြစ်သည်။
VOCÊ ESTÁ LENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...