၁၃၄၉-၁၃၅၀

217 20 0
                                    

စာစဥ် ၆၉ : အပိုင်း ၁၉

အပိုင်း ၁၃၄၉ : အခြေအနေကို ပိုဆိုးစေခြင်း

ဟင်းလင်းပြင် ဘုရားကျောင်း၏ ထူးခြားစွာ တိတ်ဆိတ်နေမှုသည် နတ်ဘုရားနယ်မြေနှင့် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းမှ ကျန်သောသူများ အားလုံးကို ပဟေဠိ ဖြစ်စေခဲ့သည်။

သူတို့သည် နတ်ဘုရားနယ်မြေ အတွင်း၌ ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လိုနေသည်ဟု နားလည်နိုင်ဖွယ်ရာ ရှိသော်လည်း သူတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား မေးခွန်းပင် မထုတ်ခဲ့ခြင်းသည် အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။

ဟင်းလင်းပြင် ဘုရားကျောင်း အနေဖြင့် ဤကိစ္စသည် နတ်ဘုရားနယ်မြေ အတွင်းမှ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မဟာမိတ်များကို သူတို့ဘက်သို့ သွေးဆောင်နိုင်ရန် အမတန်မှ ကောင်းမွန်သော အခွင့်အရေး တစ်ခုဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အနေဖြင့် အမှားတစ်ခုကို တမင်သက်သက် ကျူးလွန်ခဲ့ခြင်း ဖြစ်၍ သူတို့၏ တံခါးဝတိုင်အောင် လက်ဆောင်လာပေးခဲ့သည်။ ဤကဲ့သို့သော အခွင့်အရေးသည် အမတန်မှ ရခဲပေသည်။

အကယ်၍ တစ်ယောက်သည် ကောင်းကင်၏ လက်ဆောင်များကို လက်မခံခဲ့လျှင် ကပ်ဆိုးများနှင့် ကြုံတွေ့ရနိုင်သည်။ အကယ်၍ ဟင်းလင်းပြင် ဘုရားကျောင်းသည် ဤအခွင့်အရေးကို အပိုင် အသုံးမချပါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းထက် အားနည်းနေသည်ဟု ထင်ရမည်ဖြစ်ကာ အခြားလူသား အင်အားစုများ၏ စိတ်ပျက်မှုကို ခံရမည်မှာ မလွဲမသွေ ဖြစ်၏။

အခြားလူသား အင်အားစုများသည် လင်းဖုန်း၏ လုပ်ဆောင်ချက်များကို သံသယဝင်နေကြသော်လည်း ဟင်းလင်းပြင် ဘုရားကျောင်း၏ ဦးဆောင်မှု မရှိသဖြင့် သူတို့၏ သံသယများကို မျိုသာ မျိုသိပ်ထားနိုင်ခဲ့ကြသည်။

အကယ်၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် အမှန်တကယ်ပင် ဟေးဒီးစ် မျိုးနွယ်စုများနှင့် ပူးပေါင်း ကြံစည်ခဲ့ပါက သံသယ မျိုးစေ့များသည် တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် ပေါက်ကွဲလာခဲ့ပေမည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora